ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်တပ်ကိုလက်နက်ကိုင်တိုက်ရင်း ဇာတိမြေ ဧရာ၀တီကို တပ်အင်အားနဲ့ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ ဧရာ၀တီစစ်ကြောင်း အထူးလှုပ်ရှားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ကိုမျိုးသူရကိုကို နဲ့ စကားပြောထားပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်မတိုင်ခင်က သံအမတ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းလိုက်တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးပြီး ဇာတိမြေကို စွန့်ခွာခဲ့ သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ငါးနှစ်ကျော်စွန့်ခွာခဲ့တဲ့ ဇာတိမြေကို ပြန်တဲ့လမ်း တစ်လျှောက် စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့တိုင်းနီးပါး ကြုံတွေ့နေတယ်လို့ပြောပါတယ်။
ဒီအစီအစဉ်ဟာစစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြနေတာြဖစ်ပြီးRFA Burmese ရဲ့ Facebook နဲ့ YouTube စာမျက်နှာတွေမှာ လည်း ကြည့်ရှုနားဆင် နိုင်ပါတယ်။
