ယာယီရပ်ဆိုင်းဖို့ အဆိုပြုထားတဲ့ စက်ရုံ ၄၄ ရုံထဲက ၁၁ ရုံကို ဆက်လက်လုပ်ကိုင်မည်
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ယာယီရပ်ဆိုင်းဖို့ အဆိုပြုထားတဲ့ စက်ရုံ ၄၄ ရုံထဲက ၁၁ ရုံကို ဆက်လက်လုပ်ကိုင်ဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
-
2017-03-15 -
-
-
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ယာယီရပ်ဆိုင်းဖို့ အဆိုပြုထားတဲ့ စက်ရုံ ၄၄ ရုံထဲက ၁၁ ရုံကို ဆက်လက်လုပ်ကိုင်ဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်သူ့ငွေစာရင်းပူပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်း က စက်ရုံ ၄၄ ရုံထဲက ၃၃ ရုံကို သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ စိစစ်ရေးအဖွဲ့တွေဖွဲ့ပြီး လေ့လာမယ်လို့ ပြောပါတယ်။
ရပ်ဆိုင်းမယ့်စက်ရုံတွေထဲမှာ စလေ၊ မြောင်းတကာ၊ ကန်ကြီးထောင့် ဓာတ်မြေသြဇာစက်ရုံ ၃ ရုံအပါအဝင် စက်ရုံ ၁၁ ရုံပါဝင်ပြီး ပင်းပက်၊ မြင်းခြံ စတဲ့ သံမဏိစက်ရုံတွေကိုတော့ ပြည်ပနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ယာယီရပ်ဆိုင်းထားတဲ့ အချိန်အတွင်းမှာ ဘာလုပ်သင့်တယ်ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး အစိုးရအဖွဲ့ကို အစီရင်ခံစာတင်ပြ သွားမယ်လို့ သိရပါတယ်။
ရပ်ဆိုင်းမယ့် စက်ရုံ ၃၃ ရုံမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို လစာပေးဖို့၊ ပင်စင်ကြေးပေးဖို့ နဲ့ သာမန်အသုံး စရိတ်တွေကိုလည်း ပေးသွားမှာဖြစ်တယ်လို့ ဦးအောင်မင်း က ပြောပါတယ်။