၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မွေးနေ့ ကျင်းပ

ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၈ နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ မိသားစုနေအိမ်မှာ အောက်တိုဘာ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်မိသားစုတွေ အပါအဝင် လူ ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

2010.10.18
min_ko_naing_2007_305_z.jpg ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂၀ဝ၇ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားအင်အားစုရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုမင်းကိုနိုင်ကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ ကျန်းမာရေး မကောင်းတဲ့ကြားက ဒီမွေးနေ့ပွဲကို အလေးထား တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

“အရေးတော်ပုံ ဖြစ်နေတဲ့ ကာလနဲ့ အရေးတော်ပုံ စဖြစ်တဲ့အချိန်က စပြီးတော့ ခေါင်းဆောင်နိုင်တာ ကျောင်းသားအင်အားစုများ ဖြစ်တယ်။ အဲဒီ ကျောင်းသား အင်အားစုတွေထဲမှာ ကိုမင်းကိုနိုင်က ခေါင်းဆောင် ဖြစ်တဲ့အတွက် ဒါက အရေးကြီးတဲ့ ကိုမင်းကိုနိုင်ကို ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို မမေ့တဲ့အတွက် ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဒီနေ့အထိ ကျွန်တော်တို့ လေးစားတဲ့အနေနဲ့ ကိုမင်းကိုနိုင်တို့ကိုလည်း ဆက်ပြီးတော့ လေးစားရမယ်၊ ဂုဏ်ပြုရမယ် ဒါကြောင့် ကျွန်တော်တို့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ဟာ အရေးကြီးတယ်လို့ သတ်မှတ်ပါတယ်။”

ကိုမင်းကိုနိုင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှု အရေးတော်ပုံမှာ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး၊ ၁၉၈၉၊ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရက သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ဟာ အခု ဝေးလံတဲ့ ရှမ်းပြည်နယ် ကျိုင်းတုံအကျဉ်းထောင်မှာ ၆၅ နှစ် ကျခံနေရပြီး၊ ကျန်းမာရေး သိပ်မကောင်းဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2013-02-27 12:15

တက္ကသိုလ်အက် ဥပဒေ ဆိုတာရှိမှ ကျောင်းသားတွေရဲ့အသံကို နားထောင်ပြီး အလုပ်လုပ်ကြလိမ့်မယ် အခုအချိန်နေက ကျောင်းသားတွေရဲ့ သဘောတူညီမှုဆိုတာ လုံးဝမရှိခဲ့ပါဘူး သူတို့ ရွေးချယ်တဲ့အတိုင်းကျောင်းသားတွေက လိုက်လျှော့ခဲ့ရတယ် ကျွန်တော်အတွက်ဘာ အခွင့်ရေးမှမရခဲ့ပါဘူး ။ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားတွေ အတွက်ရေးကြီးဆုံးဖြစ်တယ်။ အဲဒီအတွက် ကိုမင်းကိုနိုင် တို့လို ကိုယ်ကျိုးစွန့် ကျောင်းသားတွေ များလိုအပ်ပါတယ်။ ကိုမင်းကိုနိုင် ကိုလည်းလေးစားပါတယ်။

Anonymous
2010-10-20 16:34

သူရဲကောင်းဆိုတာ များများမရှိနိုင်ပါ။
အဲ့ ဒီထဲမှာကို မင်းကိုနိုင် ပါတယ်။
ဒါပါပဲ