သံတောင်ဆည် သိမ်းယူမြေတွေ အတွက် ဒေသခံတွေဆန္ဒပြ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က အမှတ် ၂ သောက်ရေခပ်ဆည် စီမံကိန်းအတွက် သိမ်းယူခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေပေး ဖို့ ဒေသခံကျေးရွာသားတွေနဲ့ လူမှုအဖဲ့ွအစည်းတွေက သံတောင်ကြီး မြို့နယ် ပလက်ဝကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ မြေယာလျော်ကြေးနဲ့ ဒေသဖ့ွံဖြိုးရေး အကောင်အထည်ဖေါ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖဲ့ွက ကိုစောသာဘိုး က ပြောပါတယ်။
"ဒေသခံတွေ တောင်းဆိုတာ အချက် ၄ ချက်ရှိတယ်ပေါ့၊ သူတို့တွေက သောက်ရေခပ် ဆည်က စီမံကိန်း ၁ ကို ထပ်မဆောက်ဖို့တွက် သူတို့တွေက တောင်းဆိုပါတယ်၊ အဲ့မှာ ပလက်ဝ ဆိုတဲ့နေရာက ဇတ်နဲ့ကူးရတဲ့အတွက် အမြန်ဆုံးတံတားဆောက်ပေးဖို့ တောင်းဆိုပါတယ်၊ လမ်းကမကောင်းလို့ အမြန်ဆုံးပြုပြင်ပေးဖို့လည်းတောင်း ဆိုပါတယ်၊ ဆုံးရှုံးထားတဲ့မြေယာတွေပေါ်မှာ လျော်ကြေးပြန်ရဖို့ သူတို့တွေတောင်းဆိုပါတယ်"
လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အမှတ် ၂ သောက်ရေခပ်ဆည် တည်ဆောက်ဖို့အတွက် ကျေးရွာ ၈ ရွာက လယ်မြေတွေ သိမ်းယူခဲ့ပြီး နစ်နာကြေးအဖြစ် လျော်ကြေးငွေ တစ်ဧကကို ကျပ်ငါးထောင်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သံတောင်ကြီးမြို့နယ်က သောက်ရေခပ်မြစ်မှာ အမှတ် ၁ နဲ့ ၂ သောက်ရေခပ်ဆည်တွေကို အေရှားဝေါလ်ကုမ္ပဏီ နဲ့ ရွှေစွမ်းအင် ကုမ္ပဏီတွေက အကောင်အထည်ဖေါ်နေတာ ဖြစ်ပါတယ်။