ဖယ်ဒရယ်အရေး ကြိုတင်ဆွေးနွေး ဖို့ KNU ခေါင်းဆောင် ပြောကြား

2016-07-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" မှာ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ကို တွေ့ရစဉ်
ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေးပွဲ" မှာ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့အတွက် တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို ကြိုတင်တွေ့ဆုံဆွေးနွေး ဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေး ပွဲ" မှာ နော်စီဖိုးရာစိန်က ပြောလိုက်တာဖြစ်ပါတယ်။

"ကျမတို့ တိုင်းရင်းသားဖက်က ဖက်ဒရယ်ပြည်ထောင်စု၊ ဘယ်လိုပုံစံ၊ ဘယ်လိုအချက်အလက်တွေ ဘာကို လိုချင်လဲဆိုတာ ပြင်ဆင်မှု လိုနေတယ်၊ နိုင်ငံရေးဆွေးနွေးပွဲရောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ နိုင် ငံရေးဆွေးနွေးပွဲသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ကဖြစ်စေ၊ တိုင်းရင်းသားကိုယ်စားလှယ် နိုင်ငံရေးပါတီကပဲဖြစ်စေ၊ ကျမတို့အသံက တစ်သံတည်းဖြစ်နိုင် တယ်၊ ကျမတို့လိုလားချက်ကလည်း တစ်ခုတည်းဖြစ်တဲ့အပေါ်မှာ ကျမတို့မျှော်မှန်းနေတဲ့ ဖက်ဒ ရယ်ပြည်ထောင်စုကို ပိုပြီးတော့ ပုံဖော်နိုင်တယ်လို့ ကျမကမြင်တယ်"

ကြိုတင်ဆွေးနွေးပြီး ရရှိတဲ့အချက်အလက်တွေကို ပြည်သူလူထုကိုချပြပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်သူတွေကိုယ်တိုင်ပါဝင်လာဖို့ အရေးကြီးတယ်လို့လည်း နော်စီဖိုးရာစိန်က ပြောပါတယ်။

မူဝါဒဆွေးနွေးပွဲကို စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နဲ့ တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC) တို့က ကျင်းပတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက် ကျင်းပခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲနောက်ဆုံးနေ့ ဒီနေ့မှာ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ် ဦးခူးရယ် တက်ရောက် ခဲ့ပြီး UNFC အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့် ရရှိအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

ကွန်မင့်များ (2)
Share

မြန္

နေရပ်- အေမရိကန္

ကောင်းခြင်းကို လက်ခံတာ မင်္ဂလာတစ်ပါးပါ
စကားလုံးတွေနဲ့ တိုက်ခိုက်ချေပနေမယ့်အစား အကြံကောင်းညာဏ်ကောင်းတွေ များများပြောရင်ပိုကောင်း သူပိုကောင်းငါပိုကောင်းဝါဒကြောင့်လဲ တိုင်းပြည်မွဲနေတယ် အမှားတွေပြုပြင်ဖို့ဝန်လေးခြင်း ဝန်မခံခြင်းတွေကလည်း တိုင်းပြည်ထပ်မွဲစေတဲ့ အကြောင်းရင်းထဲမှာပါတယ်

Oct 15, 2017 09:33 AM

Kyaw Tun

နေရပ်- U.S.A

ကျွန်တော်ကတော့ အမေရိကပြည်ထောင်စုမှာ နေထိုင်တဲ့ပြည်သူတစ်ယောက်အနေနဲ့ အမေရိကန်ဖက်ဒရယ်စနစ်ရဲ့ ဒီမိုကရေစီ အနှစ်သာရနဲ့ အကျိုးကျေးဇူးတွေကို ခံစားနေရသူတစ်ဦးပါ။ ၁၃ ကိုလိုနီကို အခြေခံပြီး States ၅၀ နဲ့ဖွဲ့စည်းထားတဲ့ United States of America မှာ Federal Government နဲ့ States Government အကြား Power ကိုခွဲဝေ အုပ်ချုပ်ထားတဲ့စနစ်၊ States တိုင်းမှာ ကိုယ်ပိုင်ဖွ့ဲစည်းပုံအခြေခံဥပဒေအညီ အုပ်ချုပ်တဲ့စနစ်ဖြစ်တဲ့အတွက် ခေတ်မှီတိုးတက် ကမ္ဘာအင်းအားကြီးနိုင်ငံ Supper Power အဖြစ်ရပ်တည်လျှက်ရှိပါတယ်။ Rights of Self-determination အပြည့်ရှိတဲ့ အတွက် နိုင်ငံရေးအရ မြန်မာနိုင်ငံလို ဘာပြဿနာမှမရှိဘူး။ မြန်မာနိုင်ငံမှာ မဟာဗမာလူမျိုးကြီးဝါဒက Powers အားလုံကို ထိန်းချုပ်ထားပြီး ဗဟိုပြုဝါဒကို ကျင့်သုံးနေတဲ့အတွက် ပြဿနာတွေ အဆုံးမသတ် အတောမသတ် တက်နေရပါတယ်။

Jul 02, 2016 01:01 PM

ုကုိယ့္အေျခအေနကုိ ကုိယ္သိပါ

အမေရိကန်ယခုကဲ့သို့အင်အားကြီးနိုင်ငံတနိုင်ငံံဖြစ်လာခြင်းသည်
နေခြင်းညခြင်းဖြစ်လာခြင်းမဟုတ်ပါ။နှစ်ပေါင်း ရာချီပီး ရင်းခဲ့ရပါ သည်။ထို အတူအမေရိကန်နှင့်မြန်မာကို နိုင်းယှဉ်လို့မရပါ။
အဘယ်ကြောင့်ဆိုသော် အမေရိကန်သမိုင်းကြောင်း ယဉ်ကျေးမူ ဓလေ့ထုံးစံနှင့်မြန်မာနှင်မတူပါ။အမေရိကန်စတည်ထောင်စဉ်က
မြန်မာလို လူမျိုးပေါင်း၁၃၅မရှိသလိုလူမျိုးစုံလှသည့်လက်နက်ကိုင် Conflict များစွာလည်းမရှိခဲ့ပါ။ ဒါကြောင့်အမေရိကန် ၏ပြည်နယ်ဖွဲ့စည်းပုံအပါအဝင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
နှင့်မြန်မာသည်လည်းတူမည်မဟုတ်ပါသူများသူဌေးဖြစ်တာကိုအားကျလို့ရပါသည်။ထို့အတူစိန်နားကပ်အရောင်နှင့်ပါးပြောင်နေလို့လည်းရပါသည်။သို့သော်သူသူဌေးဖြစ်သည့်ပုံစံအတိုင်းလိုက်လုပ်လို့ကိုယ်သူဌေးဖြစ်ခြင်မှဖြစ်ပါမည်။
လောကတွင်လူများမအောင်မြင်ရသည့်အဓိကအကြောင်းသည် သူများကိုအလုံးစုံပုံတူကူးချလိုစိတ်များရှိနေခြင်း တနည်းအားဖြင့် မိမိတွင်ရှိသည့်ကိုယ်ရည်ကိုယ်သွေး၊မိမိနှင့်ကိုက်ညီမည့်အခြေ အနေများကိုမစဉ်းစားပဲ ယင်းကိုအခြေမတည်ပဲ သူဌေးသား စိတ်ဝင်ကာလိုက်တုပပုံတူကူးယူခြင်းများကြောင့်ဖြစ်သည်
ဒါကြောင့်အမေစုက မြန်မာနိုင်ငံကိုစင်္ကာပူလို ပုံတူယူမှာမဟုတ်ပဲ
ကိုယ်နိုင်ငံအခြေအနေ ကိုယ့်ပုံစံနှင့်တိုးတက်အောင်လုပ်မည်ဟု
ပြောခြင်းဖြစ်ပါသည်။ Utopia Federal State ကြီးလုပ်ဖို့အရမ်းစိတ်ကူး မယဉ်ကြပါနဲ့
တနည်းအားဖြင့် ကိုယ့်အခြေအနေကိုယ်သိကြပါလို့။

Jul 06, 2016 01:36 AM

ဆိုက်တခုလုံးသို့