မြစ်ကြီးနားမှာ ကချင်ဒုက္ခသည် စခန်း မီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပ လ န ကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ် အသင်းတော် ကယ်ဆယ်ရေး စခန်းမှာ ဒီနေ့ မနက်လေးနာရီလောက်က မီးလောင်တာကြောင့် အိမ်ထောင်စု ၃ဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပ လ န ကျေးရွာ မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကယ်ဆယ်ရေး စခန်း မီးလောင်ခဲ့ပုံ Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပ လ န ကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေး စခန်းမှာ ဒီနေ့ မနက်လေးနာရီလောက်က မီးလောင် တာကြောင့် အိမ်ထောင်စု ၃ဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ပါတယ်။

မီးလောင်မှုကြောင့် ဒုက္ခသည်တွေမှာ ထိခိုက်ဒဏ်ရာ ရတာမရှိပေမယ့် နေထိုင်ဖို့ အခက်အခဲတွေရှိတယ်လို့ စခန်းတာဝန်ခံ အင်ဖွန်ရှီဂေါင်က ပြောပါတယ်။

"ပါတဲ့အိမ်ထောင်စုကတော့ ၂၉၊ လူဦးရေကတော့ ၁၈၃ ယောက်ရှိပါတယ်၊ စခန်းတစ်ခုလုံးပဲ စာသင်ဆောင်နဲ့ ဟောခန်းနဲ့ ဆေးပေးခန်း အဲ့သုံး ခုပဲကျန်တယ်၊ ထိခိုက်မှုကတော့မရှိပါဘူး ၊ လောလောဆယ်တော့ အခက်အခဲတော့ ရှိတာပေါ့၊ ရှိတာဆိုတာက ဒီယာယီတဲတွေက ကျနော်တို့ ဒီလူဦးရေ အိမ်ထောင်စုနဲ့ လုပ်ထား တဲ့အခါကျတော့ တစ်ဆောင်က ၆ ယောက်စာလောက်ပဲ၊ ဒါပေမယ့် ကျနော်တို့ဟာ တစ်ချို့အိမ်ထောင် စုတွေဆိုရင် ၉ ယောက် ၁ဝ ယောက်ရှိတဲ့ အနေအထားတွေပါတဲ့အခါကျတော့ သူတို့အတွက်နည်း နည်းတော့ အခက်အခဲရှိတယ်"

မီးဘေးဒုက္ခရောက်သူတွေအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကြက်ခြေနီအသင်းတွေ၊ ကက်သလစ် အသင်းတော်တွေက ယာယီတဲတွေနဲ့ အခြေခံစားသောက်ကုန်တွေကို အကူအညီပေးထားပါတယ်။

အဲ့ဒီ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ကဝါးပန်၊ နမ့်ခမ်းခ စတဲ့ ဆွမ်ပရာဘွမ်မြို့နယ် နဲ့ ဖားကန့်မြို့နယ်တွေက စစ်ဘေးဒုက္ခသည် ၂ဝဝ နီးပါး ခိုလှုံနေထိုင်ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org