နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ နှစ်ဆန်းမှာ ငါးလွှတ်မည်

2015-04-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ငါးလွှတ်နေသူတချို့ ကို တွေ့ရစဉ်
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ငါးလွှတ်နေသူတချို့ ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ကျောင်းသားတွေ၊ လူမှုရေးအဖွဲ့တွေက ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ညနေ ၅ နာရီမှာ ဇီဝိတဒါန ငါးလွှတ်ပွဲကို ရန်ကုန်မြို့က ဗိုလ်တစ်ထောင်ဘုရားမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒီလှုပ်ရှားမှုဟာ တတိယအကြိမ်မြောက်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်း မယုနွယ်က RFA ကိုပြောပါတယ်။

"ကျမတို့လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်း က နှစ်ဆန်း ၁ ရက်နေ့ ညနေပိုင်းမှာ ကျမ တို့ နိုင်ငံရေးအကျဉ်းသားတွေ ဗိုလ်တထောင်ဘုရား က ကမ်းနားမှာသွားပြီးတော့ ငါးလွှတ်တယ်ပေါ့နော် ၊ နောက်ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်အောင် ကုသိုလ်လည်းရအောင် သူတို့အတွက်ဆုတောင်းပေးတယ်"

လက်ရှိမှာ နိုင်ငံရေးအကျဉ်းသားအရေအတွက် စုစုပေါင်း ၅ ရာဝန်းကျင်ရှိနေတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မကြာသေးခင်က ထုတ်ပြန်ကြေညာထားပါတယ်။

ကွန်မင့်များ (1)
Share

Lu Hman

နေရပ်- Myanmar

ကဲ အစိုးရ ကိုဆန့် ကျင်တဲ့ လုပ်ရပ် ဆိုပြီး ဖမ်းဆီး ထောင်ချ လက်ပတ်နီတွေ သုံးပြီး ဖြိုခွင်းပါအုံးလား ဟားဟားဟား။

Apr 17, 2015 07:48 PM

ဆိုက်တခုလုံးသို့