နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု လွယ်ကူအောင် စီစဉ်နေ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေ ချောမွေ့စေရေးအတွက် ကုမ္ပဏီမှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို မြန်ဆန်သွက်လက်အောင် ဆောင်ရွက်ဖို့စီစဉ်နေကြောင်း မြန်မာနိုင်ငံ ကုမ္ပဏီများမှတ်ပုံတင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုက ပြောဆိုတယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဥပဒေ စာစောင်က ဖော်ပြပါတယ်။

2012.04.10

စနစ်သစ်အရ အရင်တစ်နှစ်ခန့်ကြာမြင့်တဲ့အလုပ်ကို ရက်သတ္တပတ် ၃ ပတ်အတွင်း ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့လည်း သူကပြောပါတယ်။ အသစ်ရေးဆွဲတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းချိန်အမီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို တစ်ထိုင်တည်း ဝန်ဆောင်မှုပေးနိုင်ဖို့ အခုလိုစီစဉ်တာ ဖြစ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက သဘောတူညီတယ်ဆိုရင် အဲဒီဝန်ကြီးဌာနက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြမှာဖြစ်ပါတယ်။ ကော်မရှင်က သဘောတူရင် ရင်းနှီးမြှုပ်နှံ လုပ်ငန်းဆောင်ရွက်ခွင့် ပါမစ်ကို ရက်သတ္တပတ် တစ်ပတ်အတွင်း ထုတ်ပေးမယ်လို့ သိရပါတယ်။ ပါမစ်တစ်ခုဟာ သုံးနှစ်သက်တမ်း ရှိမှာဖြစ်ပြီး သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးဖို့လိုအပ်မှာပါ။

စနစ်သစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဟာ နေပြည်တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေဖို့ မလိုအပ်တော့ဘူးလို့လည်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အရာရှိတစ်ဦးက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-10 17:15

ကျွန်တော်တို့ ခ၇ိးလာေ၇းcompany မှတ်ပုံတင် ယာယီ ကပ်ထုပ်ထားသာတစ်နှစ်လောက်၇ှိပြီ ယခုချိန်ထိ ခ၇ီသွားမှတ်ပုံတင်ကပ်ပြားမ၇၇ှိသေ့ပါဘူးတကြောင့်မို့RFA ကို၇င်ဖွင်ပါတယ်