နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ဖွဲ့စည်းမည်

မြန်မာနိုင်ငံမှာ အနာဂတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပေးမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အသစ်ပြင်ဆင် ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

အစိုးရသစ်လက်ထက် ပြုပြင်ဖွဲ့စည်းမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့နဲ့ကိုက်ညီအောင် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉.၄၈ ဘီလျံရှိခဲ့တဲ့အတွက် ယမန်နှစ်ကထက် ၈ ဘီလျံခန့် တိုးလာခဲ့ပါတယ်။

ဒီအတောအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နေ့စဉ် ရေဂါလံ သန်း ၅ဝဝ ဖြန့်ဖြူးနိုင်ရေး အတွက် ဖြန့်ဖြူးရေးဇုန်တွေ ထူထောင်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။