ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော်ဟောင်း ရွေးကောက်ပွဲဝင်မည်
2010.10.27
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မန္တလေးရုံးခွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဦးထွန်းစိန်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ခေတ်အတွင်း ကလေးအရွယ်က ထိန်းခဲ့ဖူးသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုလိုနီခေတ်ကတည်းက ကိန်းအောင်းလာခဲ့တဲ့ နိုင်ငံရေး နိုးကြား တက်ကြွစိတ်နဲ့အတူ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်ပေမဲ့ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိအောင် ဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်တာလို့ သူက ပြောပါတယ်။
အသက် ၈၇ နှစ်အရွယ် မြန်မာ့ လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့် ဦးထွန်းစိန်ကို RFA မှ ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |









