ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဗုဒ္ဓဟူးနေ့ ပြန်စမည်


2015.02.09
education-bill-pretalk-305.jpg လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှာ ပြန်လည်စတင်ဖို့ ကျောင်းသားကိုယ်စားလှယ် ၃ ဦး၊ NNER ကိုယ်စားလှယ်၂ ဦးနဲ့ ပညာရေး ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနဲ့ ပညာရေးလူမှုရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: Aung Ko Ko/RFA

အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး လေးပွင့် ဆိုင်ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှာ ပြန်လည်စတင်ဖို့ ဒီကနေ့ပြုလုပ်တဲ့ အကြိုအစည်း အဝေးက အတည်ပြုလိုက်ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ  အချက် ၉ ချက် သဘောတူညီခဲ့ တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကျောင်းသား ကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

အစည်းအဝေးမှာ လေးပွင့်ဆိုင်တက်ရောက်မယ့် ကိုယ်စားလှယ်အရေအတွက်အပြင် သတင်းမီဒီယာတွေ သတင်းယူခွင့်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးတယ်လို့ ဆိုပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ကျောင်းသားကိုယ်စားလှယ် ၃ ဦး NNER ကိုယ်စားလှယ်၂ ဦးနဲ့ ပညာရေး ဒုတိယဝန်ကြီးအပြင် ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီး နဲ့ ပညာရေးလူမှုရေးဝန်ကြီးတို့လည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကျောင်းသား ကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။