မြောက်ပိုင်းမဟာမိတ်အဖွဲ့ NCA ၂နှစ်ပြည့် အခမ်းအနား မတက်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၂ နှစ်ပြည့်အခမ်းအနားကို အစိုးရ က မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ မဟုတ်ဘဲ တဖွဲ့ချင်းသာ ဖိတ်ကြားထားတဲ့အတွက်ကြောင့် မတက်ဘူးလို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် PSLF/TNLA က ဗိုလ်မှူးချုပ်တာ့ဖုန်းကျော် က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ရဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီကို တွေ့ရစဉ် Photo: FPNCC Facebook

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၂ နှစ်ပြည့်အခမ်းအနားကို အစိုးရက မြောက်ပိုင်းမဟာမိတ် အဖွဲ့အနေနဲ့ မဟုတ်ဘဲ တဖွဲ့ချင်းသာ ဖိတ်ကြားထားတဲ့အတွက်ကြောင့် မတက်ဘူးလို့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် PSLF/TNLA က ဗိုလ်မှူးချုပ်တာ့ဖုန်းကျော်က ပြောပါတယ်။

အစိုးရက တစ်ဖွဲ့ချင်းစီကို ဖိတ်စာတွေပို့ထားပေမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ဖိတ်ကြားတာ မဟုတ်တဲ့ အတွက်ကြောင့်လို့ PSLF/TNLA က ဗိုလ်မှူးချုပ်တာ့ဖုန်းကျော်က ပြောပါတယ်။

"အဖွဲ့အစည်းတစ်ခုချင်းစီက ဖိတ်စာတွေရကြပါတယ်၊ ဒါပေမဲ့ FPNCC အနေနဲ့ ဖိတ်စာတော့မရပါဘူး၊ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ တစ်ဖွဲ့ချင်းစီအနေနဲ့ဆိုရင် တက်ဖြစ်လိမ့်မယ် မဟုတ်ဘူးလို့ ဒီလိုပဲ သိထားပါတယ်။"

NCA ၂ နှစ်ပြည့်အခမ်းအနားကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်း စင်တာမှာကျင်းပမှာဖြစ်ပြီး NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားထားတာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့တို့ဟာ FPNCC ဆိုတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့ထားတာဖြစ်ပြီး အခုလိုနိုင်ငံရေးအရ အစိုးရနဲ့ဆက်ဆံရေးမှာ ကော်မတီအနေနဲ့သာဆက်ဆံဖို့ ဆိုတဲ့ မူဝါဒချမှတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် UNFC အဖွဲ့ဝင်တွေကလည်း အဲဒီအခမ်းအနား တက်ရောက်ဖို့အတွက် ဗဟိုကော်မတီဝင်တွေ အစည်းအဝေးဆုံးဖြတ်ချက် မချရသေးတာကြောင့် တက်ရောက်ဖို့အတွက် မသေချာသေးဘူးလို့ UNFC ဗဟိုကော်မတီဝင် ဦးထွန်းဇော်က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org