ကိုဆွေဝင်းကို အာမခံနဲ့ ပြန်လွှတ်

2017-07-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၂၀၁၇၊ ဇူလိုင် ၃၁ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တရားမှာ တွေ့ရစဉ်
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၂၀၁၇၊ ဇူလိုင် ၃၁ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တရားမှာ တွေ့ရစဉ်
Photo: RFA

ရန်ကုန်လေဆိပ်မှာ မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်တရားမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးက အာမခံပေးလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ကိုဆွေဝင်း က တရားရုံးအထွက် မှာ ပြောကြားခဲ့ပါတယ်။

"ပုဒ်မ ၆၆ (ဃ) ဟာ အာမခံပေးချင်လည်း ပေးလို့ရတယ်၊ မပေးချင်လည်း မပေးလို့ရတဲ့ အခြေအနေပါ၊ တရားသူကြီးရဲ့ ဆင်ခြင်ထုံတရားပေါ်မူတည်ပြီး ခုလိုပေးလိုက်တယ်ဆိုတာကို ကျနော်ကြိုဆိုပါတယ်၊ ဒီဖြစ်စဉ်တွေကို ဥပဒေဘောင်အတွင်းကနေ တည်တည်ငြိမ်ငြိမ်နဲ့ ကျနော် ရင်ဆိုင်သွားမယ်ဆိုတာကို ပြောချင်ပါတယ်"

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဦးဝီရသူကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ လူမှုကွန်ရက် မှာ ဝေဖန်ရေးသားခဲ့တယ် ဆိုပြီး ဆရာတော်ရဲ့ တပည့်တစ် ဦးဖြစ်သူ ဦးကျော်မျိုးရွှေ က တရားလိုပြု တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မန္တလေးဒေသခံဖြစ်တဲ့ တရားလို ဦးကျော်မျိုးရွှေက မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းမှာ ကိုဆွေဝင်းကို တရားစွဲဆိုပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အဲဒီနောက် လေးလအကြာ ဇူလိုင် ၃၀ ရက်နေ့ညမှာ ကိုဆွေဝင်းဟာ ထိုင်းနိုင်ငံကို ရုံးအလုပ်နဲ့အသွား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ဦးဝီရသူ ဟာ သူ့ကိုယ့်သူ မြန်မာနိုင်ငံ ရဲ့ ( ဘင်လာဒင်) လို့ ပြောတယ် ။ ဝစီကံကြမ်းထမ်းတယ် ။ ဘာသာရေးဆူပူမှုတွေကို လှုံ့ဆော ်တယ် ။ နိုင်ငံခြား မဂ္ဂဇင်းမ ျက်နှာဖုံးမှာ ဗုဒ္ဓဘာသာ အကြမ်းဖက်သမား ရဟန်းလို့အဖေါ်ပြခံရပြီး ကမ္ဘာမှာ မြန်မာဗုဒ္ဓဘာသာ ကို သိက္ခာက ျအောင် လုပ်ခဲ့တယ်။ မဟနဆရာတော ် ်တွေကို မလေးစားလို့ သံဃဝိနည်းနဲ့ မညီဘူး။ ဘုန်းကြီးအလုပ်မလုပ်ပဲ ကြံ့ဖွံ့ပါတီ မဲရရေး ၊ NLD ပြုတ်က ျရေး စတဲ့ နိုင်ငံရေးမဲဆွယ်တယ်။ ဒါလောက် ဆိုးနေတဲ့သူကို ဘယ်လိုပုဂ္ဂိုလ် ၊ ဘယ်လိုပါတီ က ထောက်ခံနေပါလိမ့် ။

Jul 31, 2017 03:36 PM

ဆိုက်တခုလုံးသို့