ရခိုင်တိုင်းရင်းသားများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲ ကျင်းပ
2012.07.01
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ကယ်ဆယ်ရေးစခန်း ကိုးခုရှိ ဒုက္ခသည်များအား ကူညီထောက်ပံ့ လှူဒါန်းပွဲ အခမ်းအနား၌ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း စကားပြောကြားနေစဉ်။
RFA
အဲဒီပွဲကနေရရှိတဲ့ ရန်ပုံငွေ ကျပ်သိန်းကိုးရာကျော်နဲ့ ထောက်ပံ့ပစ္စည်း ၉၂ ထုပ်တို့ကို ဇူလိုင်လ ၁ နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့က ကယ်ဆယ်ရေးစခန်း ကိုးခုကို ရုပ်ရှင်အနုပညာရှင်များ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် သရုပ်ဆောင်တချို့ဟာ ကောက်ခံရရှိတဲ့ အလှုငွေနဲ့ ရန်ပုံငွေတွေကို ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် အခက်အခဲ ကြုံတွေ့နေရတဲ့ ဒုက္ခသည်တွေကို လှုဒါန်းဖို့အတွက် ဒီကနေ့ မနက်ပိုင်းမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ထွက်ခွာသွားပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။









