နိုင်ငံရေး အကျဉ်းသား ကူညီရေး ဖို့ဝိန်းမှာ ရံပုံငွေရှာ

အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ ဝိန်းမြို့က မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး သင်္ကြန် ပွဲတော်နဲ့  နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောက်ပံ့ရေး ရံပုံငွေရှာ ဈေးရောင်းပွဲ တခုကို မနေ့ က ကျင်းပ ခဲ့ပါတယ် ။
2011-06-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီပွဲကို St. Henry ခရစ်ယံကျောင်း ရှေ့က ကစားကွင်းမှာ နေ့ လည် ၁၂ နာရီ ကနေ ည ၁၀ နာရီ အထိ ကျင်းပခဲ့တာပါ။

ဒီသင်္ကြန်ပွဲ နဲ့  ဈေးရောင်းပွဲမှာ မြို့နေလူထု အပါအ၀င် မြန်မာနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံ ပရိသတ် ၄၀၀ ခန့်  ပါဝင် ဆင်နွှဲခဲ့ပြီး မြန်မာ၊ တရုတ်၊ အိန္ဒိယ နဲ့ တိုင်းရင်းသား အစားအစာ ရောင်းချရာမှာ ရံပုံငွေ ဒေါ်လာ ၁၀၀၀ ကျော်ရခဲ့ တယ်လို့  သိရပါတယ်။

ဒီပွဲနဲ့  တရက်မှာပဲ အမေရိကန်နိုင်ငံ နယူးရောက်မြို့  မှာရှိတဲ့  မိုးကြိုး လူသားချင်း စာနာမှု အကူအညီပေးရေး ဖေါင်ဒေးရှင်းက ရံပုံငွေရှာ ဈေးရောင်းပွဲ လုပ်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ ၃၅ မိုင်ခန့် ဝေးတဲ့ ပန်းစပါယ်ဆိုတဲ့ ရွာမှာ ပလောင်ကလေးများအတွက် ကျောင်းဆောက်ပေးနေကြောင်း၊ ကလေး ၁၀၀ ခန့် ကျောင်းတက်နေပြီ ဖြစ်ကြောင်း၊ ဒီကျောင်းမှာ လိုအပ်တဲ့အဆောင်တွေ တိုးချဲ့နိုင်ဖို့ ရံပုံငွေ ကောက်ခံတာဖြစ်ကြောင်း ဒီပွဲ စီစဉ်ရာမှာ ပါဝင်တဲ့  ကိုဂျက်က ပြောပြပါတယ် ။

ဈေးရောင်းပွဲ ကို နေ့ လည် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ရာမှာ မြန်မာနိုင်ငံသားတွေနဲ့  ဒေသခံတွေပါဝင်တဲ့ ပရိတ်သတ် ၈၀၀ နီးပါး လာရောက် အားပေးကြတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့