ဗိုလ်ချုပ်အောင်ဆန်း ဆန္ဒဖြည့် ဆည်းဂုဏ်ပြုဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

2015-02-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နတ်မောက်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ရစဉ်
နတ်မောက်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo,Kyaw Zaw Win/RFA

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုချင်ရင် သူဖြစ်စေချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင် စု နိုင်ငံဖြစ်အောင် အားလုံးကဝိုင်းကြိုးစားဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

နတ်မောက်မြို့မှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောကြားခဲ့တာပါ။

"ဖေဖေ့ကို လေးစားတယ်၊ ဖေဖေ့ရဲ့ တန်ဖိုးထားတွေကို တန်ဖိုးထားတယ်ဆိုလို့ ရှိရင် ဖေဖေကဆိုလို့ရှိရင် ဒီနိုင်ငံကို တိုင်းရင်း သားမျိုးစုံနဲ့ အားလုံးစုပေါင်းပြီးတော့ ထူထောင် ထားတဲ့ ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတစ်ခု အနေနဲ့ဲ့ မြင်ချင်ပါတယ်၊ ဖေဖေ့အတွက် တကယ့်အာဇာနည် ဗိမာန်ကြီးဆိုတာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကပဲ ဒီလိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ထူထောင်သောအားဖြင့် ဖေဖေ့ကို ဂုဏ်ပြုကြပါလို့ ကျမအနေနဲ့ တိုက်တွန်း ချင်ပါတယ်"

ဒါ့အပြင် အစိုးရဆိုတာ တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာနဲ့ စေတနာထားရမှာဖြစ်ကြောင်း ၁၉၄၇ ခုနှစ်က နတ်မောက်မြို့ကို ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးရောက်ရှိစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုလည်း ရှင်းပြခဲ့ပါတယ်။

ဒီနေ့ နတ်မောက်မြို့မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့် မွေးနေ့ကို ဒေသအသီးသီးက တိုင်းရင်း သားတွေကလည်း ရိုးရာအကတွေနဲ့ တက်ရောက်ဂုဏ်ပြုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ထဲက ဗိုလ်ချုပ်အောင်ဆန်း နှစ် တစ်ရာပြည့် ကျောက်စာတိုင်နဲ့ ပုံတူရုပ်ထုကိုလည်း သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရနဲ့ အတူ ဖွင့်လှစ်ပေး ခဲ့ပါတယ်။

ဒီကနေ့ နတ်မောက်မြို့မှာပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို RFA သတင်းထောက် မဇင်မာဝင်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့