ဗိုလ်ချုပ်မှူးကြီး အိန္ဒိယသွားမည်

2015-07-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၅ ခုနှစ် မတ်လ ၁၇ ရက် တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်
၂ဝ၁၅ ခုနှစ် မတ်လ ၁၇ ရက် တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်
Photo: RFA

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇူလိုင်လ ၂၆ ရက်နေ့ ကစပြီး အိန္ဒိယနိုင်ငံ ကို ၆ ရက်ကြာ သွားဖို့ စီစဉ်ထားတယ်လို့ နယူးဒေလီကလာတဲ့ သတင်းတွေမှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။

ဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Manohar Parrikar တို့တွေ့ဆုံမှာဖြစ်သလို၊ အိန္ဒိယလေတပ်ပြုပြင်ထိမ်းသိမ်းရေးစခန်းနဲ့ စစ်လက် နက်ဆိုင်ရာနေရာတွေကို လည်ပတ်ကြည့်ရှုမယ်လို့ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်မှာ မြန်မာ-အိန္ဒိယနှစ်ဖက်စစ်တပ်တွေပူးပေါင်းပြီး စစ်ဆင်ရေး ဆင်နွှဲဖို့နဲ့ ကင်းလှည့်ဖို့ကိစ္စတွေ ကိုဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

အပြန်အလှန်အနေနဲ့ အိန္ဒိယစစ်တပ်က မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာရုပ်ဝတ္ထု ပစ္စည်းအကူအညီနဲ့ မွမ်းမံသင် တန်းတွေပေးမယ်လို့ ကတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဒေသ မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ ဗဟိုအစိုးရကိုပုန်ကန်နေတဲ့ သူပုန်တွေကို အိန္ဒိယအစိုးရ ကနှိမ်နင်းချင်နေသလို၊ အိန္ဒိယအစိုးရကို ဆန့်ကျင်မယ့် ဘယ်လိုအဖွဲ့မျိုးကိုမှ မြန်မာ့မြေမှာ ခြေကုတ်ယူခွင့်ပေးမှာမဟုတ် ဘူးလို့လဲ မြန်မာအစိုးရကပြောဆိုထားတဲ့အကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး က ထပ်မံပြောဆိုလိုက်ပါတယ်။

ကွန်မင့်များ (7)
Share

ကိုကို

India နဲ့ တဲ့အောင် ပေါင်းရင် အကျိုးရှိနိုင်မည်။ အမြင်လဲ ကျယ်လာမည်

Jul 28, 2015 09:51 AM

ပေါင်​ချိန်

India က သမိုင်းနဲ့ယှဉ်​​ပြောရင်​ မြန်​မာပြည်​အ​ပေါ် အမြဲအကူညီ​ပေးခဲ့တာ၊ အိမ်​နီးချင်းထဲမှာ စစ်​မှန်​တဲမိတ်​​ဆွေအပီသဆုံးပဲ

Jul 27, 2015 11:32 PM

လူထု

နေရပ်- Myanmar

ဟားဟား တရုပ်နဲ့ မတဲ့တော့ ကုလားသွားပေါင်းပြီး ချိန်ခွင်ညှာညှိတာပါ။ ကဲ မယားပါသားတွေ မွတ်မင်း ပြောအုံးလေ။ အမေရိကန် ကဖိရင် တရုပ် သွားကပ်တယ် တရုပ် နဲ့ မတဲ့ရင် အမေရိကန် ကို ပြန်ကပ်မယ် ပင်ကိုယ်မူဝါဒ မရှိဘူး ဆိတ်လစေ့ လုပ်ပါများရင် လူမယုံ တော့ဘူး သိက္ခာ မရှိတော့ဘူး။

Jul 25, 2015 08:05 PM

မင်းကိုနိုင်

နိုင်​ငံတိုင်းက ကိုယ်​နိုင်​ငံအတွက်​လုပ်​တာချည်းပဲ ၊
ဒီလိုပဲ အ​မေရိကန်​၊ တရုပ်​နဲ့ India ကလည်း သူတို့အကျိုးအတွက်​ ချည်းကပ်​မှာပဲ ၊ ဒါကနိုင်​ငံတိုင်းလုပ်​​နေကျ​ပါ။ ချိန်​ခွင်​ညှာပဲညှိ၂၊ တဖက်​ကို အ​လေးပဲပို​ပေး​ပေး ကိုယ့်​နိုင်​ငံအတွက်​ကိုယ်​လုပ်​တာပဲ။အစိုးရကိုမကြိုက်​​ရင်​​တောင်​နိုင်​ငံချစ်​စိတ်​​လေး​တော့နဲနဲရှိပါအုန်း။

Jul 26, 2015 08:57 AM

ဦးဝင်းတင်

နိုင်​ငံတိုင်းက ကိုယ်​နိုင်​ငံအကျိုးစီးပွားအတွက်​ POWER PLAY လုပ်​ရတာသဘာဝပါ၊ အ​မေရိကန်​ တရုပ်​ India လည်​ အလားတုပါပဲ၊ ဘာ​တွေမနာလိုမရှုစိတ်​ဖြစ်​​နေရတာလဲ။ တိုင်းချစ်​ပြည်​ချစ်​စိတ်​​လေး​တော့ရှိသင့်​ပါတယ်​။

Jul 26, 2015 08:04 PM

အမည်မဖော်လိုသူ

မလိုသမျိုးး လိုသမျိုးး ဒီပုပ်ထဲက ဒီပဲတွေဘဲ။ သိသာနေပါပြီ။

Jul 25, 2015 07:31 PM

ဦးဝင်းတင်

အမည်​မ​ဖော်​လိုသူကလည်း အကုသို​လ်​စိတ်​​တွေနဲပြည့်​​နေပါလား
ဟိုတ​ယောက်​​ပြောသလို India က ဗိုလိချုပ်​​အောင်​ဆန်း လွတ်​လပ်​​ရေးကြိုးပမ်းမှုကာလထဲက ယခုအချိန်​ထိမြန်​မာနိုင်​ငံအ​ပေါ် ကူညီခဲ့တာ
စိတ်​​ကောင်း​လေး​မွေးအုန်း
အရာရာကိုအဆိုးမြင်​မ​နေနဲ့

Jul 25, 2015 10:22 PM

မင်းကိုန

မှန်​ပါတယ်​ India က မြန်​မာပြည်​လွတ်​လပ်​​ရေးရ​အောင်​အများကြီးကူညီ​ပေးခဲ့ပါတယ်​၊ ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ သမိုင်း ၀င်​ ဘိလပ်​(အင်္ဂလန်​ ) မှာရိုက်​ထားတဲ့ ပုံထဲမှာ ၀တ်​ထားတဲ့ကုတ်​အင်္ကျီဟာ India ၀န်​ကြီးချုပ်​ ​နေရူးလက်​​ဆောင်​​ပေးထားတာပါ

Jul 29, 2015 12:52 PM

အမည်မဖော်လိုသူ

If the top general and his followers learn from the counterparts in the big democracy on where the armed forces fit, that will be a fruitful visit.

Jul 25, 2015 07:28 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့