အစိုးရနဲ့ ကေအိုင်အို တနိုင်းဒေသမှာ တိုက်ခိုက်

2016-08-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kyaw Myo Min/ RFA

ဒီနေ့မနက်က တနိုင်း ဒေသမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နဲ့ အစိုးရတပ်က ခလရ ၃၈၁၊ ခလရ၃၈၂၊ ခလရ ၁၀၅နဲ့ ၄၇ တပ်တွေ တိုက်ခိုက်နေကြတယ်လို့ တနိုင်းဒေသခံ တစ်ယောက်က ပြောပါတယ်။

"တပ်မတော်ကနေအရှေ့မှာ သူတို့က အရင်တစ်ရက်နေ့ကနေ သူတို့ဟာသူတို့ လာဖေါက်ခွဲပြီး ကေအိုင်အေ က ထောင်ထားတဲ့မိုင်းတွေ ဖေါက်ခွဲတဲ့ ပုံစံလုပ်ပြီးတော့မှ ဒီနေ့ကတော့ သူတို့ ထိုးစစ်ကို ဆင်နေတယ်၊ အဲဒါ့အပြန်လှန်ပစ်ခတ်မှုဖြစ်နေတာ ခါတာဇွပ်မှာ ခါတာဇွပ် ဆိုတာ တပ်ရင်း ၁၄ အနီးနားမှာ ရှထူးဇွပ် ရဲ့ အောက်ဖက်မှာ တပ်မက များတယ်၊ ၃၀၀ ကျော်ရှိနေတာ အခု မပခ က ကားတွေနဲ့ ပြန်တက်သွားပြီ၊ လက်နက်ကြီးနဲ့ ထုနေတာတော့ မနေ့တနေ့ကပဲ ဒီနေ့ကတော့ ထိုးစစ်ဆင်တာ"

နေ့လည် ၁၂ လောက်ထိ တိုက်ပွဲတွေဖြစ်နေခဲ့ပြီး အစိုးရတပ်နဲ့အတူ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့တွေလဲ ပါတယ်လို့ သိရပါတယ်။

ယုဇနကုမ္ပဏီအနီးရှိ တရားမဝင်ရွှေတူးနေတဲ့သူတွေကို ဖမ်းဆီးရာကနေ တဘက်နဲ့တဘက် ပစ်ခတ်ကြတယ် လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှုးကြီး နော်ဘူ က အတည်ပြုပြောဆိုပါတယ်။

တနိုင်းဒေသဟာ ရွှေနဲ့ ပယင်း အများအပြားထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ အခုလို နှစ်ဘက်စစ်ရေး တင်းမာ မှုတွေကြောင့် ပယင်းအရောင်းအဝယ်တွေလည်း ထိခိုက်နေတယ်လို့ တနိုင်းမြို့ခံတွေက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့