အစိုးရလေးမျိုး ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်း ချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ ချက်သမ္မတနိုင်ငံ ပရပ်မြို့မှာကျင်းပနေတဲ့ Forum 2000 ညီလာခံ ဒုတိယ မြောက်နေ့မှာ “The Road to Good Governance” အုပ်ချုပ်ရေးစနစ်ကောင်းတစ်ရပ်ဆီ သွားရာလမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံ၊ ပရပ်မြို့မှာကျင်းပနေတဲ့ Forum 2000 ညီလာခံ ဒုတိယမြောက်နေ့မှာ မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် photo: Forum 2000

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင် ဆန်း စုကြည်ဟာ ချက်သမ္မတနိုင်ငံ ပရပ်မြို့မှာ ကျင်းပနေတဲ့  Forum 2000 ညီလာခံ ဒုတိယမြောက်နေ့မှာ “The Road to Good Governance”  အုပ်ချုပ်ရေးစနစ်ကောင်းတစ်ရပ်ဆီ သွားရာလမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲစပြုနေတဲ့ မြန်မာနိုင်ငံမှာ  ဆောင်ရွက် စရာလုပ်ငန်းတွေ အများအပြားရှိနေဆဲဖြစ်ပါတယ် လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အခုမှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းပေါ် စလျှောက်နေတဲ့အခြေအနေဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းမှာ အတော်ခရီးပေါက်နေပြီလို့ မထင်မြင်ကြစေချင်ပါဘူး၊ ဒီလမ်းဟာ ခရီးရှည်ကြီး ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမဲ့လွယ်ကူချောမွေ့တဲ့လမ်းတော့ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

အစိုးရလေးမျိုးရှိကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရေတွက်ပြခဲ့ပါတယ်။

အစိုးရလေးမျိုးရှိပါတယ်၊ အောက်ဆုံးကစပြောရရင် ပြည်သူတွေ ရွံရှာမုန်းတီးတဲ့အစိုးရ၊ အဲဒီအထက်မှာ ပြည်သူတွေ ကြောက်ရွံ့ရတဲ့အစိုးရ၊ သူ့အထက်မှာ ပြည်သူတွေက ချီးမွမ်းထောမနာပြုရတဲ့အစိုးရ၊ အကောင်းဆုံးကတော့  အစိုးရရယ်လို့ရှိနေမှန်းတောင် ပြည်သူကမသိရတော့တဲ့အစိုးရမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာပြည်သူတွေဟာ အစိုးရဆိုးတွေနဲ့သာ တွေ့ကြုံခဲ့ကြရတဲ့အတွက် အစိုးရကောင်းဆိုတာ ဘာမှန်းမသိကြတော့ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတ Milos Zeman၊ နိုင်ငံခြားရေးဝန်ကြီး Jan Kohout တို့နဲ့ မနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့မိန့်ခွန်းကို ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org