ဖိအားပေး အကြပ်ကိုင်တဲ့နည်း အစိုးရက မသုံးသင့်

2015-10-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ  ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

NCA အပစ်ရပ်စဲရေး သဘောတူညီချက်  လက်မှတ် မထိုးတဲ့အဖွဲ့တွေကို အရေးမယူဘူးလို့ အစိုးရက ပြောပေမယ့် ကချင်နဲ့ ရှမ်း ပြည်နယ်တို့မှာ အခု အခါ ပြင်းပြင်းထန်ထန် ထိုးစစ်တွေ ဆင်နေတာဟာ အပြောတစ်မျိုး အလုပ်တစ်မျိုး လို့ ယူဆစရာ ဖြစ်နေတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ ဒုတိယ-ဥက္ကဌ နိုင်ဟံသာက  ပြောကြားလိုက်ပါတယ်။

NCCT  တို့  SD တို့လို ဦးဆောင်တဲ့အဖွဲ့တွေကို အလေးမထားဘဲ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းတဖွဲ့ချင်း သူတို့ လက်ခံမယ့် အဖွဲ့တွေ ကို ရွေးပြီး ခေါ်ယူဆွေးနွေးတာမျိုးဟာ မဖြစ်သင့်ဘူးလို့လဲ   RFA က ဆက်သွယ်မေးမြန်းရာမှာ သူကပြောပါတယ်။

"အစိုးရကအရင်က တစ်လျှောက်လုံးမှာ ကျနော်တို့တိုင်းရင်းသားတွေကို ခွဲပြီးတော့ အားလျော့သွားအောင်လုပ်မယ်၊ ခွဲပြီးတော့မှချေမှုန်းမယ် ဆိုတဲ့ဟာကို ကျနော်တို့က သံသယရှိခဲ့တယ်၊ အခုအနေအထားမှာလည်း တချို့အဖွဲ့ကို အပစ်အခတ်ရပ်စဲ ရေးထိုးလိုက်ပြီး၊ ကျန်တဲ့အဖွဲ့ကို ဖိအားပေးနေတယ်၊ စစ်ရေးအရ တိုက်နေတယ် ဆိုတဲ့ဟာကလည်း မူထဲကိုပြန်ရောက်နေတယ်ဆိုတာ ကျနော်တို့ကတော့ စဉ်းစားစရာဖြစ်လာ တယ်"

ဒါ့အပြင် NCA စာချုပ် လက်မှတ်မထိုးတဲ့အဖွဲ့တွေကို မတရားသင်း အဖြစ် သတ်မှတ်မယ်လို့ အစိုးရက ပြောတာနဲ့ ပတ်သက်လို့လဲ  နိုင်ဟံသာက

"ဒါကတော့အစိုးရပေါ်မှာပဲ မူတည်တယ်၊ ကျနော်တို့ကတော့ တလျှောက်လုံး မတရားအသင်းထဲကနေရပ်တည်လာခဲ့တာပဲ၊ ရှိပြီးသားအနေအထား ကနေပြီးတော့မှ ဘာမှထားခြားလာတာတော့မဟုတ်ဘူးလေ၊ ဒါကြောင့်ပူပင်စရာလည်းမရှိပါဘူး"

အခုဖြစ်ပျက်နေသလို ထိုးစစ်တွေ ဆင်ပြီး ဖိအားပေး အကြပ်ကိုင်တဲ့နည်းကို အစိုးရက မကျင့်သုံးသင့်ဘူးလို့လဲ နိုင်ဟံသာက ပြောသွားပါတယ်။

ကွန်မင့်များ (9)
Share

​ေတာသား

ကေအိုင်အေက လူလည်ပဲ
နိုင်ဟံသာကို ခိုင်းစားနေတာ

Oct 11, 2015 11:41 AM

အေးချမ်းခြင်​ပီ

နရေပျ- ​ဘီးလင်း

မွန်ပြည်သူများအကျိုးမကြည့်ပဲ တရုပ်ဘိန်းဖုန်ကြားရှင် ပါဝင်ရေးအတွက် အားလုံးပါရေးခေါင်းစဉ်နဲ့ ဆောင်ရွက်နေတဲ့ မွန် ခေါင်းဆောင်ဦးနိုင်ဟံသာတို့ကို ယုံကြည်မှုလျော့ပါပီ၊ ဘယ်အချိန်ထိ ဖုန်ကြားရှင်အတွက်မွန်လူမျိုးတွေဆက်စတေးရ အုန်းမှာလဲ၊

Oct 10, 2015 08:48 AM

ဟန်ပြ ပြည်တွင်းငြိမ်းချမ်းရေး

အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုး ပြီးရင်
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြခံဥပဒေ အောက်က နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတာ
ယောင်ဝါးဝါး ဖြစ် နေမှာ အသေအချာပါဘဲ
လုပ်နေကျ”အချိန်ဆွဲဗျူဟာအရ
နည်းမျိုးစုံနဲ့အချိန်ဆွဲ မှာ အသေအချာပါဘဲ၊

Oct 10, 2015 05:10 AM

စတဲ့အချိန်​က အ​ကောင်းဆုံးအချိန်​ပဲ

ဘေးထိုင်ဘုပြော အဆိုးမြင်နေတာထက်စာရင် စတဲ့အချိန်က အကောင်းဆုံးပဲနောက်မကျသေးဖူးလို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တယ် ဟန်ပြပဲထိုး၂ အမှန်တကယ်ပဲထိုး၂ သေချာတာ အစိုးရက နိုင်ငံတကာအများရှေမှာ လက်မှတ်ထိုး မှာမို့ သူဂုဏ် ထိုးတဲ့သူအားလုံးယုံကြည်မှုအတွက် လက်မှတ်ထိုးနယ်မြေတွေအတွက်ဒေသတိုးတက်ရေးလုပ်မှာသေချာတယ်၊ မယုံသူစိတ်ကူးယဉ်သမား တရုပ်တပည့်တွေတောထဲနေပီး ယုံကြည်ပီးလက်တွေဆန်တဲ့အဖွဲ့တွေအေးချမ်းမှု အသီးအပွင့်ကိုခံစားကြ။

Oct 10, 2015 09:06 PM

အမည်​မ​ဖော်​လိုသူ

မင်းပထွေးတွေက တရုပ်ဖိအားပေးတဲ့အတိုင်းလိုက်လုပ်ပီး
တိုင်းပြည်ကိုဖျက်ဆီးနေတာေ၊ပးစာကမ်းစာတွေစားသောက်ပီး ကန့်လန်တိုက်နေတာ၊စစ်ဆင်ရေးကြီးလုပ်ပြီး အပြတ်တိုက်ပစ်ရမှာ၊ ဘလောင်ဘလဲတွေ၊

Oct 11, 2015 04:30 AM

ဇေယျာလွင်

နည်းမျိုးစုံနဲ့အချိန်ဆွဲနေတာ မင်းအမေလင်တွေ
ခုတမျိုးတော်ကြာတမျိုးနဲ့ တောထဲမှာ ဇိမ်ကျ နိုင်ငံခြားမှာ တိုက်တွေခြံတွေနဲ့ဇိမ်ကျနေတော့ ဘယ်လက်မှတ်ထိုးခြင်မလဲ၊တခါ ပထွေးကထပ်ပီး မထိုးနဲ့ပြောတော့ ပီးပီပေါ့၊အလားကားလူတွေ ကိုယ်ကျိုးရှာသမားတွေ၊တိုင်းပြည်အတွက် အမှိုက်ပဲ

Oct 11, 2015 04:34 AM

အမည်မဖော်လိုသူ

ကလိန်ကကျစ်ကိုယုံတဲ့သူဟာဥဏှောက်ပျက်နေသူ
ပဲဖြစ်ရမယ်။

Oct 10, 2015 05:05 AM

တော်​လိုက်​တာ

တော်သေးတယ် နိုင်ဟံသာပြောတာ ဘယ်တော့မှမယုံတော့ ဦးနှောက်မပျက်တော့ဖူး၊အမည်မဖော်လိုသူကတော်လိုက်တာ ကလိန်ကကျစ်ဘယ်သူလဲသုံးသပ်နိုင်တယ်။

Oct 11, 2015 12:39 AM

ရှင်​​စောပု

မြန်မာမှန်နန်းရာဇဝင်မှာ မွန်သမိုင်းက ကြီးကျယ်ခဲ့ပါတယ် ကချင်ဆိုတာဘာမကြီးကျယ်ခဲ့ပါဖူး၊ ကြီးကျယ်ခဲ့တဲ့ မွန်ရာဇ ဝင်နဲ့ မွန်လူမျိုးတွေ ဂုဏ်သိတ်ခါကို ငဲှငြာသောအားဖြင့် ကေ အိုင်အေပေးထားတဲ့ တောထဲကဒုဥကဌရာထူးယူပီး ကေ အိုင်အေလိုကျတွေလိုက်မလုပ်ပါနဲ့ ၊ ခေါင်းဆောင်တွေကို ယုံကြည်တဲ့ မွန်လူမျိုးများအတွက် မွန်ပြည်နယ်မှာအေးချမ်း မှုခိုင်မာပီးစည်ပင်အောင်လုပ်ပေးပါ... မွန်ရာဇဝင်မှာကေအိုင်အေနောက်ဆွဲဖြစ်ခဲ့တယ်လို့ သမိုင်းမှာမတွင်မိပါစေနဲ့။

Oct 10, 2015 04:19 AM

အမည်မဖော်လိုသူ

One sided view means 'ONE EYED JACK'.

Oct 10, 2015 08:21 PM

မိကွန်းချမ်း

မှန်တာပေါ့ မြန်မာရာဇဝင်မှာကြည့်ရင် ပထမမြန်မာနိုင်ငံတော် ကိုကြည့်ရင် ပုဂံပါပဲ၊ ဗမာဘုရင်တွေဖြစ်တဲ့ အနော်ရခါ ကျန်စစ်သားတို့ဟာ မွန် ဗမာချစ်ကြည်ရေးတည်ဆောက်ခဲ့ပီး
ပုဂံကို နိုင်ငံတကာအလည်မှာယနေ့အချိန်ထိဝင့်ကြွားအောင်
လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ မွန်လူမျိုးသမိုင်းရဲ့ဂုဏ်ကို ဆယ်သောအားဖြင့် အထက်ကပြော သလို တရုပ်သြဇာခံ ကေအိုင်အေ တပည့်နောက်ဆွဲ မလုပ်သင့်ပါ၊ရှက်ဖို့ကောင်း ပါတယ်။

Oct 11, 2015 10:21 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့