ဆန္ဒပြပွဲကို မလေးဝန်ကြီးချုပ် တက်ရောက်မှု အစိုးရကန့်ကွက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြု လုပ်တဲ့ ရခိုင်ပြည်နယ်အရေး ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ပါဝင်ဆန္ဒပြတာဟာ မြန်မာပြည်မှာ ဘာသာရေး အစွန်းရောက်တွေ ပိုများလာအောင် တွန်းအားပေး သလို ဖြစ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို တွေ့ရစဉ် .

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အရေး ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကိုယ်တိုင် ပါဝင်ဆန္ဒပြတာဟာ မြန်မာပြည် မှာ ဘာသာရေးအစွန်းရောက်တွေ ပိုများ လာအောင် တွန်းအားပေးသလို ဖြစ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ဒီကနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ် ကိုယ်တိုင် တက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး က ပြောတာဖြစ်ပါတယ်။

"ဒီလိုအချိန်မှာ အာဆီယံနိုင်ငံ မိတ်ဆွေနိုင်ငံတစ်နိုင်ငံကနေ ဒီလိုမျိုး အပြစ်တင်ရှုံ့ချပွဲ ၊ ဆန္ဒပြပွဲ တွေမှာ အစိုးရတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်လာတဲ့အခါ ကျနော်တို့ ပြည်တွင်းမှာ ဘာသာရေးအရ အစွန်း ရောက်တွေ ပိုပြီးများပြားလာအောင် နောက်တစ်ချက်က အစွန်းရောက်တွေ တိုးပွားလာတာ ကတဆင့် ကျွန်တော်တို့ အကြမ်းဖက်ဝါဒပေါ့ အဲ့ဒါတွေကို ပိုပြီးတွန်းပို့ပေးတဲ့ အနေထား ရောက်တယ်။"

အခုလို ဆန္ဒပြပွဲမှာ ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်တာဟာ မလေးရှားမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဘာသာရေးကို ခုတုံးလုပ်တာဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ မလေးဝန်ကြီးချုပ်က ကုလသမဂ္ဂ ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးတွေကနေ ကြားဝင်ပေးဖို့ကိုလည်း တောင်းဆိုသလို နိုင်ငံတကာအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ဒီအတိုင်း ထိုင်ကြည့်နေလို့မရကြောင်းလည်း ဆန္ဒပြပွဲမှာ ပြောတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။

ကွာလာလမ်ပူမြို့က ဆန္ဒပြပွဲကို ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ရဲ့ အာဏာရ မလေးအမျိုးသား သွေးစည်း ညီညွတ်ရေးအဖွဲ့ UMNOနဲ့ Pan-Malaysian Islamic Party တို့က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org