မိုင်းပေါက်ကွဲမှု တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပန်းဘဲချောင်းကျေးရွာအနီးမှာ မနေ့က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ပန်းဘဲချောင်းကျေးရွာအနီးမှာ ၂၀၁၉၊ ဇန်နဝါရီ ၈ ရက်နေ့က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ အမျိုးသမီးကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပန်းဘဲချောင်းကျေးရွာအနီးမှာ မနေ့က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ထိခိုက်ဒဏ်ရာရသွားတဲ့ အမျိုးသမီးဟာ အမျိုးသားတစ်ဦးနဲ့အတူ တောင်ဘဇာ-ပန်ဇီကားလမ်းအတိုင်း ဆိုင်ကယ်နဲ့လာရာမှာ အဲဒီလက်လုပ်မိုင်းကို နင်းမိပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် အဲဒီအမျိုးသမီးရဲ့ ဝဲဘက်ခြေသလုံးမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

အဲဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မိုင်းထောင်သူကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org