တောင်ဒဂုံမြို့သစ် ရပ်ကွက်များ မိုးသည်းထန်ပြီး ရေလွှမ်းမိုး

အခု ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရန်ကုန်တိုင်းဒေသ ကြီး တောင်ဒဂုံမြို့သစ် မြို့ပေါ်ရပ်ကွက် တွေမှာ လူနေအိမ်တွေ ရေဝင်ပြီး လမ်းတွေ ရေနစ်မြုပ်နေသလို လေးထောင့်ကန် ကျေးရွာမှာ မိုးစပါး စိုက်ပျိုးထားတဲ့ လယ်တွေ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
2011-06-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တောင်ဒဂုံမြို့နယ်အတွင်းမှာ မိုးများလွန်းလို့ ရေကြီးနေတဲ့ ရပ်ကွက် (၄) ခုမှာ အိမ်ခြေ နှစ်ထောင်ကျော် ရှိပြီး ဒေသခံ ပြည်သူတွေနဲ့ ကျောင်းသားကလေးငယ်တွေ သွားရေးလာရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်ပြည်သူတွေက မြို့တော်စည်ပင်ကို အကြောင်းကြားပေမယ့် သက်ဆိုင်ရာ အရာရှိတွေ လာရောက် ကြည့်ရှုပြီး ဘာမှ လုပ်ဆောင်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီအကြောင်း အသေးစိတ်ကို အာအက်ဖ်အေ သတင်းထောက် ကိုမိုးကျော်က သတင်း ပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့