ဟင်္သာတမြို့မှာ NLD ထောက်ခံသူ တစ်သောင်းခွဲလောက် အင်အားပြ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးအတွက် ထောက်ခံတဲ့ အနေနဲ့ ဒေသခံ တစ်သောင်းခွဲလောက်က ဒီနေ့ အင်အားပြ လှည့်လည်ကြပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့က ဒေသခံတွေ အင်အားပြလှည့်လည်နေကြစဉ် Photo: Wai Yan Moe Myint/ RFA

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အတွက် ထောက်ခံတဲ့အနေနဲ့ ဒေသခံ တစ်သောင်းခွဲလောက်က ဒီနေ့ အင်အားပြလှည့်လည်ကြပါတယ်။

အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအတွက် လိုလားသူတွေ စုပေါင်းပြီး စီစဉ်တာဖြစ်တယ်လို့ ဟင်္သာတမြို့ခံ ဒေါ်သင်းသင်းလှိုင်က ပြောပါတယ်။

"တစ်ဈေးလုံးက ကျမတို့ စုပေါင်းပြီးတော့လှူတယ်၊ NLD အလံတွေလည်းလှူတယ်၊ တံဆိပ်တွေလည်းလှူတယ်၊ ဒီပါတီကို ယုံကြည်တဲ့သူတွေ ဒီပါတီ အောင်နိုင်ရေးအတွက် လိုလားသူတွေ အကုန်လုံးက စုပေါင်းလှူတာပေါ့"

အင်အားပြလှည့်လှည်ပွဲမှာ အလှပြယာဉ်တစ်စီးပါဝင်ပြီး ဟသာၤတမြို့မှာရှိတဲ့ ရပ်ကွက်ကျေးရွာတွေက NLD ပါတီကို ထောက်ခံအားပေးကြတဲ့ ဒေသခံတွေဟာ ဆိုင်ကယ်တွေ၊ ကားတွေ၊ ထော်လာဂျီတွေမှာ ပါတီအလံတွေ တပ်ဆင် လိုက်ပါခဲ့ကြပါတယ်။ ပြည်သူတချို့ကလည်း လှည့်လည်သူတွေကို အစားအသောက်တွေ ဝေငှခဲ့ပြီး အားပေးခဲ့ကြပါတယ်။

လှည့်လည်သူတွေဟာ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ဟသာၤတမြို့ပေါ် ရပ်ကွက်တွေနဲ့  နတ်မော်၊ ရှားခဲကျေးရွာတွေထိ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

အလားတူ အင်အားပြလှည့်လည်ပွဲတွေကို မအူပင်၊ မြောင်းမြ၊ မြင်းခြံ စတဲ့ မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org