လူမျိုးဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ခြင်းကောင်းကျိုး မန္တလေးမြို့မှာ ဆွေးနွေး

2015-05-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
"ကွဲပြားစုံလင်မှုတို့ ပေါင်းစုံခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကို မေလ ၁၆ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်စဉ်
"ကွဲပြားစုံလင်မှုတို့ ပေါင်းစုံခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကို မေလ ၁၆ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်စဉ်
photo:Nay Thwae/RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ မြန်မာ-အမေရိကန် ချစ်ကြည်ရေးအသင်းက ကြီးမှူးပြီး "ကွဲပြားစုံလင်မှုတို့ ပေါင်းစုံခြင်း" ဆိုတဲ့ ခေါင်းစဉ် နဲ့ မြန်မာနိုင်ငံမှာ လူမျိုးဘာသာပေါင်းစုံ အတူ ယှဉ်တွဲနေထိုင်ခြင်းရဲ့ ကောင်းကျိုးတွေကို မန္တလေး မြို့က ဂျက်ဖာဆင်စင်တာမှာ ဆွေးနွေးနေ ကြပါတယ်။

လူမျိုးမတူ ဘာသာမတူသူတွေ ယှဉ်တွဲနေထိုင်နေ တာဟာ မြန်မာနိုင်ငံရဲ့ အားနည်းချက် မဟုတ်ဘဲ အားသာချက်ဖြစ် တယ်ဆိုတာကို အလေးထားဆွေးနွေး ကြတာလို့ မြန်မာ-အမေရိကန် ချစ်ကြည်ရေးအသင်း က ကိုမျိုးဝင်းက ပြော ပါတယ်။

မနေ့ကစလို့ သုံးရက်ကြာကျင်းပနေတဲ့ အဲ့ဒီဆွေးနွေးပွဲ မှာ ဘာသာကြီးလေးခုက ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသားတွေ၊ ဥပဒေပညာရှင်တွေ ၇ဝ လောက် တက်ရောက်နေကြတာဖြစ် ပြီး၊ မတူကွဲပြား သူတွေ ရေရှည်အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာနဲ့စိန်ခေါ်မှုတွေကို အဖြေရှာ ဖို့ ဆွေးနွေး ကြသလို တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးကြတယ် လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

Successive Myanmar Governments have Poisoned the Peaceful Coexistence & Racial Harmony for their Domination & Long Term Survival.

May 16, 2015 11:43 PM

အမည်မဖော်လိုသူ

People are not the Problem, but the Successive Governments have created the Problem to fulfill the Evil Agendas.

May 16, 2015 11:37 PM

အတွင်းသိ

နေရပ်- Myanmar

တိုင်းပြည် မတည်ငြိမ်သေးဘူး လို့  အကြောင်းပြ ချင်တဲ့ စစ်အာဏာရှင် သူတို့  အသိုင်းအ၀ိုင်း မဘသ ၉၆၉ တို့ ကတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဘို့  ကြိုးစားတာ ဘယ်ကြိုက်မလဲ။

May 16, 2015 08:05 PM

အမှန်မြင်

နေရပ်- အမြင်မှန်

မတူညီတဲ့အုပ်စုတွေ အတူတကွ နီးနီးကပ်ကပ်နေတဲ့အခါ “ဘီလူးစည်း လူ့စည်း” ရှိဖို့ လိုပါတယ်။ (အဆိုးက အကောင်းကို မဖျက်ဆီးဖို့)၊(အကြမ်းက အနုကို မနှိပ်ကွပ်ဖို့)၊ (အားကြီးသူက အားနည်းသူကို အနိုင်မကျင့်ဖို့) ၊ (အထက်က အောက်ကို မဖိဖို့)လိုပါတယ်။ အတ၁တအားမကြီးဖို့ အထူးလိုအပ်ပါတယ်။

May 16, 2015 03:42 PM

ဆိုက်တခုလုံးသို့