ဘားအံနဲ့ ဘီးလင်းမှာ ရေဘေးဒုက္ခသည် ထောင်ချီရှိနေ

ကရင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာပြီး သံလွင်မြစ်ရေတက်တာကြောင့် ဘားအံမြို့ပေါ်ရှိ ရပ်ကွက်တချိုမှာ ရေကြီးနစ်မြုပ်နေတဲ့အတွက် ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရပါတယ်။

ဘားအံမြို့က ရပ်ကွက်တချို့မှာ ရေကြီးနေတာကို ၂၀၁၉ သြဂုတ် ၈ ရက်နေ့ကတွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာပြီး သံလွင်မြစ်ရေတက်တာကြောင့် ဘားအံမြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ ရေကြီးနစ်မြုပ်နေတဲ့အတွက် ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရပါတယ်။

ပြည်နယ်အစိုးရအစီအစဉ်နဲ့ ရေဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ဖို့ မိုးလုံလေလုံအားကစားရုံ၊ ရွှေရင်မျှော်၊ အစ္စလာမ်ကျောင်း၊ အထက(၃)စတဲ့နေရာတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။

ရေဘေးဒုက္ခသည်တွေကို ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အစိုးရအဖွဲ့ဝန်ြကီးတွေ ဒီနေ့သွားရောက်ကြည့် ရှုခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကလောက်ရေမကြီးပေမယ့် ရေဘေးကယ်ဆယ်ရေးအတွက် အဆင့်သင့်ပြင်ဆင်ထားကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က RFA ကို ပြောပါတယ်။

ဒီလိုရေကြီးနစ်မြုပ်တာကြောင့် တစ်ချိုနှစ်ထပ်ရှိတဲ့နေအိမ်တွေမှာ နေထိုင်လို့ရပေမယ့် တချို့တထပ်နေအိမ်တွေဟာ နေထိုင်လို့မရတော့ ဒုက္ခသည်စခန်းကို ရွေ့ပြောင်းနေထိုင်နေရတာဖြစ်ပါတယ်။

ရေနစ်မြုပ်တဲ့နေအိမ်တွေမှာ ပစ္စည်းတွေ ရွေ့ပြောင်းဖို့နဲ့ သွားလာရေးအတွက် လှေလိုအပ်ပြီး လှေမရှိရင် အခက်အခဲ ရှိကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြဝတီမြို့မှာ မိုးအဆက်မပြတ်ရွာပြီး သောင်းရင်းမြစ်ရေတက်တာကြောင့် ရေကြီးနေပြီး ကျောက်လုံးကြီးပြန်လည်လက်ခံရေးစခန်းမှာ ရေဘေးဒုက္ခသည်တွေကို ရွေ့ပြောင်းထားရပါတယ်။

အလားတူ မွန်ပြည်နယ် ဘီးလင်းမြို့မှာလည်း မိုးတွေ အဆက်မပြတ်ရွာသွန်းတာကြောင့် ဘီးလင်းမြစ်ရေတက်ပြီး လူပေါင်း ၁၈၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၁၉ ခုမှာ ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုအောင်သိင်္ခ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org