ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက်

2016-03-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်သမ္မတ ဦးထင်ကျော် (အပေါ်)နဲ့ ဒုတိယသမ္မတ ၂ ဦးကို တွေ့ရစဉ်
နိုင်ငံတော်သမ္မတ ဦးထင်ကျော် (အပေါ်)နဲ့ ဒုတိယသမ္မတ ၂ ဦးကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက ဦးထင်ကျော် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် လိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ ၆၅၃ ဦးရှိရာမှာ ၆၅၂ ဦး တက်ရောက်ပြီး ဆန္ဒမဲပေးခဲ့ကြပါတယ်။

htinkyaw-president.jpg

ဦးထင်ကျော်က မဲအရေအတွက် (၃၆၀) ၊ ဦးမြင့်ဆွေ က(၂၁၃) မဲနဲ့ ဦးဟင်နရီ ဗန်ထီးယူက (၇၉ ) မဲ အသီးသီးရရှိ ပြီး ဦးထင်ကျော်က မဲအများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းမှာ ဦးဆောင်တာဝန် ယူခဲ့သူဖြစပြီး ၁၉၉၂ ခုနှစ်လောက်ကတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်ခဲ့သူလို့ သိရှိရပါတယ်။

သူဟာ ဆရာကြီး မင်းသုဝဏ်ရဲ့  သားဖြစ်ပြီး သူရဲ့ငယ်နာမည် “ဒလဘန်း” အမည်နဲ့  စာရေးသားသူ ဖြစ်သလို စီးပွားရေး မဟာဝိဇ္ဖာဘွဲ့ရရှိပြီး အင်္ဂလန်မှာလည်း ပညာသင်ကြားခဲ့ပါတယ်။

nld-women-mp.jpg

သမ္မတရွေးချယ် တင်မြှောက်တဲ့ နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးဟာ ခွပ်ဒေါင်းပုံ ဆံထိုးတွေကို ဆင်တူ ထိုးထားကြတာ တွေ့ရပါတယ်။

ကွန်မင့်များ (5)
Share

အမည်မဖော်လိုသူ

It is ok, who can lead the country, we dont have to be a President. Show the government that you are a good citizen.

Mar 16, 2016 06:15 AM

အမည်မဖော်လိုသူ

MY Heart-Felt CONGRATULATION to U Thin Kyaw, the Newly & People elected Civilian President & Government of Union of Myanmar in Half a Century. Wish you all the Best but BEWARE OF TROUBLE MAKERS using all forms & means. May God bless the Nation & the People of Myanmar with Peace, Success, Harmony and Prosperity.

Mar 15, 2016 09:11 PM

အမည်မဖော်လိုသူ

သစ္စာရှိတာချင်းအတူတူ ပြည်သူနဲ့ နိုင်ငံအပေါ်မှာ သစ္စာရှိတာနဲ့ တစ်ဦး တစ်ယောက် အတစ်ဖွဲ့အတွက် သစ္စာရှိတာ အများကြီး ကွာခြားပါတယ်

Mar 15, 2016 05:59 PM

အမည်မဖော်လိုသူ

ကျောင်းသား ရဟန်း ပြည်သူ ကိုသတ်တဲ့ လူ သူ့ သားသမီးထဲ က နိုင်ငံခြာသား ယူဘူးတဲ့ လူ ဒု သမတ တက်ဖြစ်တာတော့ နာတယ်။ နိုင်ငံ မှာလည်း သမတ လုပ်ချင်တိုင်း လူရောခွေးရော ဖြစ်နေကြ လို့  တိုင်းပြည်ပျက်စီးတာ။

Mar 15, 2016 10:07 AM

လူကို လူ လို သိ တဲ့ အစိုးရအဖွဲ

သမ္မတရွေးကောက်တင်မြှောက်ပွဲအကြို
ဒေါ်အောင်ဆန်းစုကြည်၏
အမှာစကား

“ကျွန်မတို့လိုချင်တာ ပြည်သူတွေ
အေးအေးဆေးဆေးနဲ့ ငြိမ်းချမ်းစွာ
နေထိုင်နိုင်ဖို့ပါ။
ဘာကိုမှစိုးရိမ်ကြောက်ရွံ့မနေဘဲ
သိက္ခာရှိစွာ လူ ပီပီသသ
အေးအေးချမ်းချမ်း
နေထိုင်နိုင်ဖို့ပါ။”

လူကို လူ လို သိ တဲ့ အစိုးရအဖွဲ ပေါ်ပေါက်လာတော့မယ့်

Mar 15, 2016 06:55 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့