ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တိုးလာတာကြောင့် စိုးရိမ်ပူပန်ကြောင်း ICRC ထုတ်ပြန်

ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၂၉၀၀၀ (နှစ်သောင်းကိုးထောင်)ကျော် ရှိလာတဲ့အတွက် နိုင်ငံတကာ ကြက်ခြေနီအဖဲ့ွ ICRC က စိုးရိမ်ပူပန်ကြောင်း မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉ ဧပြီ ၄ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၂၉၀၀၀ (နှစ်သောင်းကိုးထောင်)ကျော် ရှိလာတဲ့အတွက် နိုင်ငံတကာ ကြက်ခြေနီအဖဲ့ွ ICRC က စိုးရိမ်ပူပန်ကြောင်း မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အစိုးရတပ်နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာလာသူတွေဟာ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မောင်တော၊ မင်းပြား နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ယာယီစခန်းချနေထိုင်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ အထက်မြက်လှဲရွာက ဒုက္ခသည်စခန်းတစ်ခုမှာဆိုရင် လူဦးရေ ၅၀၀ ကျော်ရှိနေပြီး ဒုက္ခသည်တွေဟာ ဝါးတွေ၊ တာပေါ်လင်စတွေနဲ့ ပြုလုပ်ထားတဲ့ တဲတွေထဲမှာ နေထိုင်နေကြရတယ်လို့ ဆိုထားပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ဘယ်အချိန်မှာ သူတို့ရဲ့ မူလနေအိမ်တွေဆီ ပြန်နိုင်မလဲဆိုတာ မသိကြဘူးလို့လည်း ICRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org