အိန္ဒိယမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၅ ဦးကို မြန်မာနိုင်ငံ ပြန်ပို့မည်


2019.01.03
india-rohingya-622.jpg အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းပေးလိုက်တဲ့ ရိုဟင်ဂျာ မိသားစုကို တွေ့ရစဉ်
Photo: Reuters

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၅ ဦးကို မဏိပူရပြည်နယ် မိုးရေမြို့ကနေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အိန္ဒိယအာဏာပိုင်တွေက စီစဉ်နေတယ်လို့ အိန္ဒိယအခြေစိုက် ဟိန္ဒူစတန်တိုင်း Hindustan Times သတင်းစာက မနေ့က ရေးသားဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေကို မဏိပူရမြို့ကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်းနဲ့ မကြာခင်ရက်ပိုင်းအတွင်း မြန်မာအစိုးရတာဝန်ရှိသူတွေထံ တရားဝင် ပြန်လည်လွှဲပြောင်း ပေးပို့သွားမယ်လို့လည်း ဖော်ပြပါတယ်။

အဲဒီ ၅ ဦးလုံးဟာ ဘူးသီးတောင်မြို့ကနေ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးလာတာဖြစ်ပြီး သူတို့တွေကို ပြန်လည်လက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့နေရပ်တွေကို မြန်မာအစိုးရတာဝန်ရှိသူတွေက ပြန်လည်ပို့ဆောင်သွားနိုင်ခြေရှိတယ်လို့ ရိုဟင်ဂျာအရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမီခဲ့တဲ့ ရိုဟင်ဂျာ ၇ ဦးကို မြန်မာအစိုးရ အာဏာပိုင်တွေကနေတဆင့် သူတို့ရဲ နေရပ်တွေကို ပြန်လည်ပို့ဆောင်ခဲ့ပြီး အစိုးရတာဝန်ရှိသူတွေက NVC ကတ်တွေ ထုတ်ပေးထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။