အင်းစိန် စော်ဘွားကြီးကုန်းမှာ ဗုံးကွဲပြန်


2013.10.13

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ပြည်လမ်းပေါ်က စော်ဘွားကြီးကုန်းပွဲရုံအနားမှာ ဒီနေ့ တနင်္ဂနွေနေ့ မနက် ၁ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ ပြည်လမ်း၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူမရှိခဲ့ဘူးလို့ သိရပါတယ်။ ဗုံးပေါက်ကွဲအပြီး မကြာခင်မှာပဲ အဲဒီအနီးနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့က တည်းခိုခန်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။