ကလေးမြို့က ရွာတွေမှာ အင်တာနက်လိုင်းမရလို့ စစ်ဘေးရှောင်တွေ အခက်တွေ့နေ

2022.01.04
ကလေးမြို့က ရွာတွေမှာ အင်တာနက်လိုင်းမရလို့ စစ်ဘေးရှောင်တွေ အခက်တွေ့နေ ဖုန်းအင်တာနက် အသုံးပြုနေသူတစ်ဦးကို တွေ့ရစဥ်
Photo: RFA

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် PDF တွေ တိုက်ပွဲဖြစ်ပွားရာအနီးက ရွာပေါင်းရှစ်ရွာမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို ဖုန်းတွေလည်း ခေါ်မရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကတည်းက MPT ၊ တယ်လီနော၊ အော်ရီဒူး၊ မိုင်တဲလ်က အင်တာနက်လိုင်းတွေ မရတော့ တာလို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

"ရာသီဥတုကြောင့် တာဝါတိုင်တွေ ပျက်စီးတာမျိုးမဟုတ်ဘူး၊ တိုက်ပွဲတွေ ပြင်းထန်လာလို့ သတင်းစီး ဆင်းမှု မရအောင် အင်တာနက်ဖြတ်တာ"

နတ်ချောင်း၊ ချောင်းခွ၊ ပါးမွန်ချောင်း၊ နတ်မြောင်း၊ နတ်နန်း၊ အင်းစိန်၊ ရေစို၊ ဟားခါးလေး ရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံ နှစ်သောင်းခွဲလောက် ဘေးလွတ်ရာထွက်ပြေးနေရသလို အင်တာနက်လိုင်းတွေ လည်း ဖြတ်တောက်ခံထားရတယ်လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက နတ်ချောင်း၊ ပါးမွန်ချောင်း၊ ငဖား၊ အောင်ချမ်းသာ စတဲ့ ရွာတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလး-ဂန့်ဂေါ လမ်းတလျောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားအသွားအလာတွေကို စစ်ဆေး တာ၊ လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးနေပါတယ်။

စစ်ဘေးရှောင်တွေဆီ ဆေးဝါး၊ အစားအသောက် စတဲ့ ရိက္ခာတွေ ပို့လို့မရအောင် အခက်အခဲဖြစ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

နတ်ချောင်းရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ လေကြောင်းရော မြေပြင်ကပါ အင်းအားအလွန်အကျွံသုံး တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။