လွတ်ရက်စေ့ခါနီး ကိုညီညီလွင် ၂၀၁၂ ခုနှစ် အမှု ပြန်စစ်ဆေး

2016-06-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အရှင်ဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
အရှင်ဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Hset Paing Toe/RFA

ကိုညီညီလွင် ခေါ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ ကို ထိုင်းနိုင်ငံဘက် တရားမဝင် နယ်စပ်ဖြတ်ကျော်ပုဒ်မနဲ့ ထောင်ချလို့လွတ်ရက်စေ့ခါနီးမှာ ၂၀၁၂ ခုနှစ်ကစွဲထားတဲ့အမှု တွေရင်ဆိုင်ဖို့ မန္တလေးကနေ ရန်ကုန်အင်းစိန်ထောင်ကို ပို့လိုက်ပြီး၊ ဒီနေ့မနက်က ဗဟန်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးကြောင့် စစ်အစိုးရက ချိပ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်း၊ သာသနာ့သိပ္ပံ ကျောင်းနဲ့ သာသနာ့ဂုဏ်ရည်ကျောင်းကို ၂၀၁၂ ခုနှစ် ပြန်လွတ်လာချိန်က တံခါးတွေဖွင့်ခဲ့တဲ့အတွက် အရှင်ဂမ္ဘီရ ကိုတရားစွဲထားတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အရှင်ဂမ္ဘီရရဲ့ညီဖြစ်သူ ကိုလွင်မောင်မောင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ဆိုက်တခုလုံးသို့