ဧရာဝတီတိုင်းမှာ အိန္ဒိယ ဓါတ်အားပေးစက်ရုံ တည်ဆောက်မည်

အိန္ဒိယ တာတာ စွမ်းအင် ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်မယ်လို့ Business Line သတင်းက ဖေါ်ပြပါတယ်။

အိန္ဒိယ တာတာ စွမ်းအင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်မယ်လို့ Business Line သတင်းက ဖေါ်ပြပါတယ်။

ဧရာဝတီတိုင်းအတွင်း ငရုတ်ကောင်းကျေးရွာမှာ တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး၊ လိုအပ်တဲ့ ကွင်းဆင်းလေ့လာမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

တည်ဆောက်မယ့် ဓါတ်အားပေးစက်ရုံက ထွက်ရှိမယ့် ဓါတ်အားပမာဏကို တာတာကုမ္ပဏီက ထုတ်ဖေါ်မပြောဆိုသေးပါဘူး၊ ပဏာမလေ့လာချက်တွေ တိုင်းတာပြီးမှသာ အတည်ပြုပြောဆိုနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီစက်ရုံကို လာမယ့် ၂၀၁၉- ၂၀၂၀ ခုနှစ်မှာ အပြီးသတ်ဖို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယ တာတာ စွမ်းအင်ကုမ္ပဏီဟာ လက်ရှိမှာ ဘူတန်၊ ဂျော်ဂျီယာနဲ့ ဇမ်ဘီယာနိုင်ငံတွေမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်နေပါတယ်။

တောင်အာဖရိက နိုင်ငံမှာလည်း လေစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံနှစ်ခု တည်ဆောက်နေကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org