ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ
2012.04.21
မဟာမဲခေါင်ဒေသဆိုင်ရာ ညီလာခံကို တက်ရောက်နေသော ဂျပန် ဝန်ကြီးချုပ် ရိုရှီဟီကို နိုဒ (ဝဲ) နှင့် မြန်မာသမ္မတ ဦးသိန်းစိန် (ယာ) တို့ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လက်ဆွဲနှုတ်ဆက်နေကြစဉ်။
AFP
ဂျပန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ (Yoshihiko Noda) နဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ပူးတွဲ သတင်းစာရှင်းပွဲမှာ အခုလို ကြေညာလိုက်တာပါ။
ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ လိုကြောင်းလည်း ဂျပန်ဝန်ကြီးချုပ် က ပြောသွားပါတယ်။
အရင်က ရပ်ဆိုင်းထားတဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီ အိုဒီအေ ပြန်ပေးနိုင်ဖို့ အတွက် ပြင်ဆင်နေပြီလို့လည်း ပြောပါတယ်။
အခုလို ကြွေးမြီတွေ လျှော်လိုက်တဲ့အတွက် မြန်မာအစိုးရ အနေနဲ့ ဂျပန်နိုင်ငံထံက နှစ်ပေါင်း ၂၅ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ချေးငွေတွေ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။









