နိုင်ငံရေးအကျဉ်းသားများ လွှွတ်ဖို့ အစိုးရသစ်ကို ဂျပန်တိုက်တွန်း

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက် မနေ့က စတင်ကျင်းပတဲ့ လွှတ်တော်တွေရဲ့ အခြေအနေအရပ်ရပ်ကို ဂျပန်အစိုးရက အနီးကပ် စောင့်ကြည့်နေသလို၊ ဒီလွှတ်တော်ကနေ ဘာတွေ ဆွေးနွေးမယ် ဘယ်လို အုပ်ချုပ်မှုမျိုး ပေါ်ပေါက်လာမယ် ၊ ဘယ်လို နိုင်ငံရေးလမ်းကြောင်းမျိုး ဖြစ်ပေါ်လာမလဲ ဆိုတာကိုပါ ဆက်ပြီး စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2011.02.01
demo_tokyo_rights_day_305_Z ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၂၀ဝ ကျော် ၂၀ဝ၉ ဒီဇင်ဘာ ၁၀ ရက်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့က ဆန္ဒပြ တောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP
မြန်မာအစိုးရ လက်ရှိကျင်းပနေတဲ့ လွှတ်တော်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ ရပ်တည်ချက် ဘယ်လိုရှိတယ် ဆိုတာကိုတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရေးဌာနမှ မစ္စတာ အရာအိ)– က မြန်မာနိုင်ငံမှာ မကြာခင် ဖွဲ့စည်း ပေါ်ပေါက်လာတော့မဲ့ အစိုးရသစ်အနေနဲ့ ဂျပန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေကို အပြုသဘော တုံ့ပြန်လိုတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လိုသလို အဓိကကျတဲ့ နိုင်ငံရေးပါတီတွေနဲ့ ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့ကို ဂျပန်အစိုးရက ထပ်မံ တိုက်တွန်းကြောင်း RFA ကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ လွှတ်တော်တွေမှာ ဒီမိုကရေစီရေးဆိုင်ရာ လွတ်လပ်မှုတွေနဲ့ တိုင်းရင်းသား ရပိုင်ခွင့် ဆိုင်ရာ လှုပ်ရှား ဆွေးနွေးခွင့်တွေကို မြင်လာရလိမ့်မယ်လို့ မိမိတို့မျှော်လင့်ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။