စစ်အစိုးရ နောက်ဆုံးလေးလပတ် လွှတ်တော် မခေါ်ခင် ကျင်းပမည်

လက်ရှိ မြန်မာစစ်အစိုးရအဖွဲ့ နောက်ဆုံး လေးလပတ် အစည်းအဝေးကို ယခုလ ၂၃ ၊၂၄ နဲ့ ၂၅ ရက် တွေမှာ ကျင်းပမယ်လို့ သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ တိုင်းမှူးတွေကို ပျဉ်းမနား နေပြည်တော်မြို့ ကို ဆင့်ခေါ်ထားကြောင်း RFA က စုံစမ်းသိရပါတယ်။
2011-01-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒါ့အပြင် တိုင်းမှူးတွေကို ၂၈၊ ၂၉ ရက်တွေမှာသီးခြား စည်းဝေးပွဲ ဖိတ်ထားတယ်လို့  စစ်တိုင်းမှူးတွေနဲ့ နီးစပ်တဲ့ သတင်း ရပ်ကွက်က ပြောပါတယ်။

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရေ၇ွးကောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ဇန်န၀ါရီ ၃၁ ရက်နေ့ မှာ ခေါ်မှာမို့ ဒါဟာလက်ရှိ စစ်အစိုးရရဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဖြစ် နောက်ဆုံး ကျင်းပတဲ့ အစည်းအဝေး ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

တက်ရောက်မယ့် ၀န်ကြီးတွေနဲ့ တိုင်းမှူး အချို့ကတော့ ဒီအစည်းအဝေးမှာ ရာထူးအပြောင်းအလဲနဲ့ နောက် အစိုးရအဖွဲ့ မှာ ဆက်တာဝန် ပေးမပေး အဆုံးအဖြတ်ပေးမယ့် အလားလာရှိတာမို့ စိတ်လှုပ်ရှား နေတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

ဒါ့အပြင် နောက်တက်မယ့် အစိုးရမှာ ပါနိုင် မပါနိုင်ဆိုတာ မသေချာတဲ့ အတွက် စစ်တပ် အရာရှိကြီး ကတော်တွေ ရွှေနဲ့ စိန်ကို အလုအယက် ၀ယ်စုနေကြတာမို့  ရွှေတကျပ်သား ကျပ်ခုနှစ် သိန်း နီးပါး ရောက်သွားပြီလို့  ရန်ကုန် ရွှေကုန်သည်တွေက ပြောပါတယ်။


ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့