တရားစီရင်ရေးစနစ် အားနည်းနေ ဆဲပဲလို့ ဦးအောင်ကို ဝေဖန်

2014-12-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုပုံ
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုပုံ
Photo: RFA

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည်တဲ့ ပြုပြင်ပြောင်း လဲမှုတွေ လုပ်နေပြီလို့ပြောဆိုနေကြပေမယ့်   တရား စီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲ လာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ် တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကို က ပြောကြားလိုက်ပါတယ်။

ဒီနေ့ခေတ် မြန်မာ့တရားစီရင်ရေးစနစ်အပေါ် ဘယ်လို ရှုမြင်သလဲဆိုတာကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဂတိလိုက်စားမှုတွေ အတော်များများ ရှိနေကြောင်း ပြောသွားပါတယ်။

"အဓိကကတော့လေ တရားရေးနယ်ပယ်မှာပေါ့၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေဟာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးအားကောင်းနေ ဆဲ ဖြစ်ပါတယ်၊ ငွေများတရားနိုင် အင်အားကြီးသူ အနိုင်ယူ"

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောသွားတာပါ။

ဒါ့အပြင် အခုအခါ သတင်းတွေထဲမှာ အဆက်မပြတ် ကြားနေကြရတဲ့ လယ်မြေ ယာမြေသိမ်းခံရတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး လယ်သမားတွေကိုအပြစ်ပေး ထောင်ချနေတာတွေကလည်း နိုင်ငံအတွက်  အရုပ်ဆိုးအကျည်းတန် တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ သူကပြောပါတယ်၊

နိုင်ငံအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့လည်း  ၄-ပွင့်၊ ၆-ပွင့်၊ ၁၂-ပွင့် ဆိုပြီး အမျိုးမျိုးပြောဆိုနေကြပေမယ့် ပဏာမအဆင့်အနေနဲ့ လူနည်းနည်းနဲ့ စတင်ပြုလုပ်ပြီး    အရှိန်ရလာတဲ့အခါမှ တိုးချဲ့သွားသင့်တယ်လို့ ယုံကြည်ကြောင်းလည်း ပြောသွားပါတယ်။

သူရဦးအောင်ကိုနဲ့ RFA အဖွဲ့သား မသင်းသီရိ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (5)
Share

Myo Chit

နေရပ်- Myanmar

တရားဥပဒေ စိုးမိုးရေး ကော်မီတီက တင်ပြနေတာက တရားစီရင်ရေးမှာ အုပ်ချုပ်ရေးက ဝင်စွက်ဖက်တာ များနေတယ်လို့တင်ပြတာ၊ တကယ်တန်း ပြန်ပြောနေတာက လာဘ်ပေးလာဘ်ယူမှုများတယ်လို့ပဲ အမြဲပြောနေတယ်။ တရားသူကြီးတွေကလည်း တရားစီရင်ရေးရော အုပ်ချုပ်ရေးရောက ပြည်ထဲရေး လက်အောက် မှာရှိနေလို့ အရေးယူခံရမှာစိုးလို့ ဘာမှမပြောရဲဘူး။ ခေတ်ဟောင်းကလို တရားစီရင်ရေး ဟာပြည်ထဲရေး လက်အောက်မှာမရှိပဲ သီးခြားဝန်ကြီးဌာန အနေနဲ့ အာဏာရှင်တွေက ဘယ်ထားရဲမလဲ။

Dec 21, 2014 08:03 PM

အမည်မဖော်လိုသူ

“မူ”ကို လူက လုပ်တာပါ။ လူပြောင်းမှ မူပြောင်းမှာပါ။ စစ်ဗိုလ်ဟောင်းတွေ အုပ်ချုပ်နေသရွေ့ ဒီလူနဲ့ဒီမူ ဒွန်တွဲနေဦးမှာ
ပါပဲ။

Dec 21, 2014 02:25 PM

D moon

rule of lawဖြစ်ဖို့ဆိုတာဆေးမီး တိုနဲ့ လုပ်၍မရနိူင်ငံရဲ့ အဓိကပြဿ
နာဖြစ်တဲ့ အကြပ်အတည်းတွေဖြေရှင်းနိုင်မှ rule of lawဆောင်ရွက်နိုင်
မယ်ရောဂါကြီးတွေ အရင်ကုပါ

Dec 21, 2014 11:01 AM

အမည်မဖော်လိုသူ

you are brave and outstanding person not like U Shwe Man and U Htay OO

Dec 19, 2014 06:11 PM

(

That is true. Traffic police never take action even though all transportation buses are breaking traffic rules every day. Yangon municipal also even taking money by allowing platform hawkers. all the platforms must be for pedestrians who are sometimes will be students, old people, disable people to be safer from running cars. So how can we have a beautiful and developed country. Even selling the roadside food with a lot of dust passing on them. How can people be healthy.

Dec 19, 2014 04:15 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့