ကချင်ညီလာခံကို ခေါင်းစဉ်ပြောင်း ပြီး ခွင့်ပြု

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်က မနောကွင်းမှာ ဒီကနေ့ ပြု လုပ်မယ့် ကချင်အမျိုးသား ညီလာခံကို အစောပိုင်းမှာ ပြည်နယ်အစိုးရက တားမြစ်ခဲ့ပေမယ့် နောက် ပိုင်းမှာတော့ ခေါင်းစဉ်ပြောင်းပြီး ကျင်းပဖို့ ပြန်လည်ခွင့်ပြု လိုက်ပါတယ်။

မြစ်ကြီနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှိ မဂျွယ်ခန်းမမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကချင်အမျိုးသားတွေ့ဆုံပွဲ ကို ကျင်းပခဲ့စဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က မနောကွင်းမှာ ဒီကနေ့ ပြုလုပ်မယ့် ကချင်အမျိုးသား ညီလာခံကို အစောပိုင်းမှာ ပြည်နယ်အစိုးရက တားမြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခေါင်းစဉ်ပြောင်းပြီး ကျင်းပဖို့ ပြန်လည် ခွင့်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက ဖြစ်မြောက်ရေးကော်မတီဆီ ဖုန်းဆက်လာပြီးနောက် ကချင်အမျိုးသား ညီလာခံ ဆိုတဲ့ ခေါင်းစဉ်ကနေ ၂၁ ရာစု ပင်လုံအကြို ကချင်အမျိုးသား တွေ့ဆုံပွဲအဖြစ် ခေါင်းစဉ်ပြောင်းခိုင်းတာဖြစ်တယ်လို့ မနောကွင်းမှာရောက်ရှိနေတဲ့ အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်ခေါန် က ပြောပါတယ်။

"သမ္မတရုံးက ဦးဇော်ဌေးကနေပြီးတော့ ဝန်ကြီးချုပ်ဆီလည်း ဖုန်းဝင်မလား မသိဘူး၊ ဒီဘက်မှာ လည်း ဖြစ်မြောက်ရေး ကော်မတီဆီလည်း ဖုန်းဝင်လာတယ်၊ သုံးထားတဲ့ ညီလာခံဆိုတဲ့ဟာကို ၂၁ ရာစု ပင်လုံအကြိုပေါ့နော်၊ ကချင်အမျိုးသား တွေ့ဆုံပွဲပေါ့လေ၊ ညီလာခံကို တွေ့ဆုံပွဲဆိုပြီးတော့လေ၊ အဲဒါခေါင်း စဉ်ပြန်ပြောင်းပြီးတော့ အဲဒါဆိုလို့ရှိရင်တော့ ခွင့်ပြုပါတယ်လို့ ပြန်အကြောင်းကြားပါတယ်၊ အဲဒါ နဲ့ ဖြစ်မြောက်ရေး ကော်မတီကတော့ သူတို့စာလုံးပြန်ပြီး ပြင်နေကြတယ်၊ ၃ နာရီမှာတော့ လုပ်ခွင့်ရမှာပါ"

ဒီနေ့မနက်ပိုင်းမှာ ပွဲကျင်းပမယ့် မနောကွင်းကို ပြည်နယ်အစိုးရ အမိန့်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ကျင်းပခွင့်မပြုဘဲ တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲကို ဒီနေ့နဲ့ မနက်ဖြန် ၂ ရက် ကျင်းပဖို့အတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံထားပေမယ့် ပြည်နယ်အစိုးရက ခွင့်မပြုခဲ့ဘဲ ကျင်းပမယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူမှာဖြစ်တယ်လို့ မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့မှူးက ညီလာခံကျင်းပရေး တာဝန်ရှိသူတွေကို မနေ့က အကြောင်းကြားစာ ပေးပို့ထားပါတယ်။

ဒီပွဲကို ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွ့ဲက ဦးဆောင်ကျင်းပတာဖြစ်ပြီး ကချင်တိုင်းရင်းသား ၅၀၀ ခန့် တက်ရောက်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org