ကချင်ပြည်နယ် နယ်မြေ ၃ ခု ရွေးကောက်ပွဲ ယာယီရပ်ဆိုင်း

ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နဲ့ ဗန်းမော်ဒေသတွေမှာ လုံခြုံရေး အခြေအနေအရ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနက မနေ့ညက ရုတ်တရက် ကြေညာခဲ့ပါတယ်။

2012.03.23
kachin-refugee-camp-children-b305 ကချင်ပြည်နယ်အတွင်း ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေကြသော ကချင်ဒုက္ခသည် ကလေးငယ်နှစ်ဦး ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် တွေ့ရစဉ်။
AFP

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ တာဝန်ခံ ဦးဉာဏ်ဝင်းက- “သူတို့ကတော့ လုံခြုံရေး အခြေအနေကြောင့်ပေါ့၊ လုံခြုံရေး အခြေအနေကို ကျွန်တော်တို့ မသိဘူး။ ကျွန်တော် ရောက်ခဲ့တဲ့ အခြေအနေမှာတော့ ဘာမှတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး ပြဿနာ မတွေ့ခဲ့ဘူး” လို့ပြောပါတယ်။ ဦးဉာဏ်ဝင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့ အချက်အလက်တွေ အပြည့်အစုံရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Victoria Nuland က - ကချင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အရေးကို စိုးရိမ်မကင်း ဖြစ်ရကြောင်း မိမိတို့ ပြောဆိုထားပြီးဖြစ်ပါတယ်။ လုံခြုံရေး အခြေအနေကြောင့်လို့ မြန်မာဘက်က အကြောင်းပြလာတဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့လည်း မိမိတို့ ကြိုးစားနေပါတယ်။ လောလောဆယ်မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရဘက်က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုစရာ မရှိသေးပါဘူးလို့ Victoria Nuland က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။