ကချင်ပြည်နယ်အတွင်းရရှိတဲ့ အခွန်ငွေ ၁၃ ဘီလျံကို ပြည်နယ် တွင်းမှာ သုံးမည်
ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က ကချင်ပြည်နယ်အတွင်းကောက်ခံရရှိတဲ့ အခွန်ငွေ ကျပ် ၁၃ ဘီလျံကျော်ကောက်ခံရရှိခဲ့ပြီး အဲဒီငွေတွေ ကို ပြည်နယ်ဖွံဖြိုးရေးအတွက် ပြန်လည်သုံးစွဲသွားမှာ ဖြစ် တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
-
2017-05-12 -
-
-
ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က ကချင်ပြည်နယ်အတွင်းကောက်ခံရရှိတဲ့ အခွန်ငွေ ကျပ် ၁၃ ဘီ လျံကျော်ကောက်ခံရရှိခဲ့ပြီး အဲဒီငွေတွေကို ပြည်နယ်ဖွံဖြိုးရေးအတွက် ပြန်လည်သုံးစွဲသွားမှာ ဖြစ်တယ်လို့ ပြည် နယ်အစိုးရအဖွဲ့က ပြောပါတယ်။
အဲဒီအခွန်ငွေတွေကို ရငွေအဖြစ်ဖော်ပြပြီး ပြည်နယ်အစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲနေ တယ်လို့ ကချင်ပြည်နယ် ဘဏ္ဍာအခွန်၊ စီမံကိန်း နဲ့ စီးပွာရေးဝန်ကြီး ဦးဝေလင်း က RFA ကိုပြောပါတယ်။
"ကျနော်တို့ပြည်နယ်ကနေ စီမံခန့်ခွဲပြီးတော့မှ ကောက်ခံရရှိတဲ့ငွေကြေးသည် အားလုံး ၁၃.၆၁၇ ဘီလျံကောက်ခံရရှိပါတယ်။ အဲဒီနှစ်ဆယ့်ငါးဌာနကနေ ကောက်ခံရရှိတဲ့ငွေကြေးတွေကို ကျနော် တို့ပြည်နယ်ကနေ စီမံခန့်ခွဲပြီးတော့မှ ရငွေအနေနဲ့ ဖော်ပြပြီးတော့မှ ကျွန်တော်တို့ ပြည်နယ် မှာပဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ သုံးစွဲသွားတာဖြစ်ပါတယ်။"
အဲဒီလိုကောက်ခံရရှိတဲ့ဋ္ဌာနတွေဟာ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဌာနတချို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ လေလံရောင်းချမှုက ရတဲ့အခွန်ငွေအပြင် လမ်းဦးစီး စတဲ့ ဌာန ၂၅ ခုကနေ အထွေထွေကောက်ခံရရှိတဲ့ အခွန်ငွေတွေဖြစ်တယ်လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုကနေလည်း အခွန်ငွေ ကျပ် ၁၃ ဘီလျံကျော်ကို ကောက်ခံရရှိခဲ့ပြီး အဲဒီအခွန်ငွေတွေကိုတော့ ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲတာဖြစ်ပါတယ်။