စစ်ပြေးဒုက္ခသည်သရုပ်ဖော်ပြဇာတ် ဦးဆောင် တင်ဆက်ခဲ့သူနှစ်ဦးကို ထောင် ၁၅ရက်ချမှတ်

2019-09-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စစ်ဘေးရှောင်ဘဝ သရုပ်ဖော်ရာမှာ ဦးဆောင်ခဲ့တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ကို ၂ဝ၁၉ စက်တင်ဘာ ၂ ရက်နေ့က မြစ်ကြီးနားထောင်ကို ပို့ဆောင်စဉ်
စစ်ဘေးရှောင်ဘဝ သရုပ်ဖော်ရာမှာ ဦးဆောင်ခဲ့တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ကို ၂ဝ၁၉ စက်တင်ဘာ ၂ ရက်နေ့က မြစ်ကြီးနားထောင်ကို ပို့ဆောင်စဉ်
Photo: Elizabeth/ RFA

ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်နေ့မှာ စစ်ရှောင်တွေရဲ့ဘဝ၊ ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တာကြောင့် ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ် နှစ်ဦးကို စက်တင်ဘာလ ၂ ရက် ဒီနေ့မှာ ထောင်ဒဏ် ၁၅ ရက်စီ အမိန့်ချမှတ်ခဲ့ပါတယ်။

ကချင်လူငယ် နှစ်ဦးဖြစ်တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန် တို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ သြဂုတ်လ ၂၆ ရက်နေ့ ၁၁ ကြိမ်မြောက် ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက်တင်ခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရက စစ်ဘေးဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေးမူဝါဒကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ စစ်ဘေးဒုက္ခသည် လူငယ်တွေကိုယ်တိုင် သူတို့ရဲ့ခံစားချက်တွေကို တေးသရုပ်ဖော် တင်ဆက်ခဲ့တာ ဖြစ်ပြီး အခုလိုအရေးယူမှုတွေ လုပ်ဆောင်တာဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အဟန့်အတားဖြစ်စေကြောင်း တရားစွဲဆိုခံရတဲ့ မဆိုင်းနူးပန်က ပြီးခဲ့တဲ့ ရုံးချိန်းမှာ ပြောကြားခဲ့ပါတယ်။

သရုပ်ဖော် ပြဇာတ်ကို ဦးဆောင်သူ ကိုပေါလု နဲ့ မဆိုင်းနူးပန်ကို ခွင့်ပြုမိန့်မတင်ဘဲ ဆောင်ရွက်တယ် ဆိုပြီး မြို့နယ် ယာယီရဲမှူး မင်းသန့်ဇော်က တရားလိုလုပ်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခဲ့တာ ပါ။

ဇွန် ၉ ရက်နေ့မှာ စစ်ရှောင်မိဘတွေ၊ လူငယ်တွေအနေနဲ့ ရှစ်နှစ်အတွင်း သူတို့ခံစားခဲ့ရတဲ့ ခံစားချက် တွေကို ဖော်ပြတဲ့ သရုပ်ဖော်ပြဇာတ်ကို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့နဲ့ ပြည်သူ့ရင်ပြင်မှာ တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့