စစ်ဘေးဒုက္ခသည် ၂၀၀ အတွက် အရေးပေါ် အကူအညီလိုအပ်

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ် မြို့နယ် ကဒူးကြီးဒေသမှာရှိတဲ့ နားဟီးကျေးရွာက ဘုန်းကြီးကျောင်း ကို ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ ဝန်းကျင် အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခ သည်တွေကို ကူညီပေးနေတဲ့ ပအိုဝ်းဒေသ ကျန်းမာရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ PHWC ကနေ သိရပါ တယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာရှိတဲ့ နားဟီးကျေးရွာက ဘုန်းကြီးကျောင်းကို ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို မေလ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: PHWC

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာရှိတဲ့ နားဟီးကျေးရွာက ဘုန်းကြီးကျောင်း ကို ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ ဝန်းကျင်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ PHWC ကနေ သိရပါတယ်။

အခုချိန်မှာ ဘုန်းကြီးကျောင်းက ကျွေးတဲ့ ထောက်ပံ့မှုသာရှိနေပြီး တခြား အကူညီတွေ မရရှိသေးဘူးလို့ PHWC အဖွဲ့ ဒါရိုက်တာ ခွန်နေထူးက ပြောပါတယ်။

"အဓိကကတော့ အစားအစာ စားသောက်ရေး၊ စားဝတ်နေရေး အခက်ခဲတွေကတော့  သူတို့အများကြီး ကြုံတွေ့နေရတယ်။ အခုခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းက  ဘုန်းကြီးကပဲ ယာယီအားဖြင့် အစားသောက်အကူညီ ထောက်ပံ့ကူညီမှုတွေတော့  ရရှိနေတာပေါ့လေ။ တခြားထောက်ပံ့ ကူညီမှုတွေ ရရှိတာတော့ မရှိသေးပါဘူး"

ဒုက္ခသည်တွေဟာ ကျေးရွာတွေကနေ ထွက်ပြေးလာတဲ့ လမ်းခရီးမှာ ထိခိုက်ဒဏ်ရာရတာတွေရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတာကြောင့် ကူညီပေးနေရတယ်လို့လည်း ပြောပါတယ်။

ပုန်းစုတ်ရွာနဲ့ မဲတစေးရွာတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က တပ်သားသစ်တွေ စုဆောင်းနေတာကြောင့် ကျေးရွာဒေသခံ ၂၀၀ လောက်ဟာ မေလ ၁၁ ရက်နေ့ကနေစပြီး ထွက်ပြေးတိမ်းရှောင်လာတာလို့ သိရပါတယ်။

တပ်သားသစ်စုဆောင်းနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်ပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ကို မေးမြန်းပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

သူတို့တွေအတွက် အရေးပေါ် အစားအစာအပါအဝင် တခြားလိုအပ်ချက်တွေလည်း ရှိနေတာကြောင့် ကူညီပေးမယ့်သူတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org