ကလလတ နယ်ခြားစောင့်တပ် (၄) နှစ်မြောက် ကျင်းပ

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) နယ်ခြားစောင့်တပ်ဖွဲ့စည်းတဲ့ ၄ နှစ်ပြည့် အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ (ကလလတ) ရုံးမှာ မနေ့က ကျင်းပခဲ့ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကလလတရုံးမှာ နိုဝင်ဘာလ ၉ ရက်နေ့ကကျင်းပခဲ့တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) နယ်ခြားစောင့်တပ် ဖွဲ့စည်းတဲ့ ၄ နှစ်ပြည့်အခမ်းအနားကို တွေ့ရစဉ် photo: RFA/ Nay Thwae

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) နယ်ခြားစောင့်တပ်ဖွဲ့စည်းတဲ့ ၄ နှစ်ပြည့်အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ (ကလလတ) ရုံးမှာ မနေ့က ကျင်းပခဲ့ပါတယ်။

ကလလတ အဖွဲ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးတဲ့အခါ နိုင်ငံရေးပါတီအဖြစ် တည်ထောင်သွားမယ်လို့ အဲဒီအဖွဲရဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးမန်းသက်ဖော က ပြောပါတယ်။

မနေ့ကကျင်းပတဲ့ အခမ်းအနားကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးထွဋ်၊  ကယားပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေအပြင် ကယန်းပြည်သစ်ပါတီက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဟာ ၁၉၉၄ ခုနှစ်က အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ခုနှစ်မှာ တပ်ရင်းအမှတ် ၁၀၀၄ နဲ့ ၁၀၀၅ နယ်ခြားစောင့်တပ်တွေအဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org