ကုလားတန် ဘက်စုံစီမံကိန်း အိန္ဒိယအစိုးရနဲ့ ဆွေးနွေးမည်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းအကောင် အထည်ဖော်နေတဲ့ စစ်တွေဆိပ်ကမ်း ကုလားတန် ဘက်စုံစီမံကိန်းနဲ့ ပတ်သက်ပြီး ချင်း၊ ရခိုင်တိုင်းရင်းသားပါတီများနဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ အိန္ဒိယအစိုးရနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ကုလားတန် ဘက်စုံစီမံကိန်းမှာ စစ်တွေဆိပ်ကမ်း တည်ဆောက်မှုလုပ်ငန်းခွင်ကို တွေ့မြင်ရစဉ် photo: RFA/ Min Thein Aung

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ စစ်တွေဆိပ်ကမ်း ကုလားတန် ဘက်စုံစီမံကိန်းနဲ့ ပတ်သက်ပြီး ချင်း၊ ရခိုင်တိုင်းရင်းသားပါတီများနဲ့ အရပ်ဖက်လူှုအဖွဲ့အစည်း ခေါင်းဆောင်တွေဟာ အိန္ဒိယအစိုးရဲ့ နယူးဒေလီြမို့မှာ တွေ့ဆုံဆွေးနွေးမယ်ို့ သိရပါတယ်။

အိန္ဒိယအစိုးရဲ့ ပါလီမန်က စီမံကိန်းတိုက်က ဒေသခံတွေရဲ့အမြင်နဲ့ အခက်အခဲတွေကို သိလိုတာကြောင့် အခုလို ဖိတ်ကြားခဲ့တာဖြစ်ြီး လာမယ့်စက်တင်ဘာလ ၁၈ရက်နေ့မှာ အိန္ဒိယနိုင်ငံကို သွားရောက်ဆွေးနွေးမယ်ို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က အခုလို ပြောပါတယ်။

အဓိကကတော့ ချင်းပြည်နယ်မှာ ကုလားတန်မြစ် ဖွံ့ဖြိုးရေးကိစ္စရှိတယ်၊ နောက်ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စတွေကို အိန္ဒိယအစိုးရအနေနဲ့ ကူညီထားတာရှိတယ်၊ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ ညီတဲ့ဟာမျိုးဆို လက်မခံနိုင်စရာမရှိပါဘူး၊ အထူးသဖြင့် ချင်းဒေသတွေမှာ လူတွေက ဘာမှသိတဲ့လူတွေ မဟုတ်ဘူးဆိုပြီးတော့ လုပ်လို့တော့မရဘူးပေါ့ဗျာ၊ အခုတော့ တစ်ယောက်စ၊ နှစ်ယောက်စ သိတဲ့လူပေါ်လာတဲ့အခါကျတော့ အဲဒါတွေသူတို့က အများကြီးသတိထားရမယ့်ဟာပါ”

အိန္ဒိယအစိုးရဲ့ ဆွေးနွေးို့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ချင်းအမျိုးသားပါတီ CNP ပါတီကဥက္ကဌတွေ လိုက်ပါသွားမှာဖြစ်ပါတယ်။ ကုလားတန်ဘက်စုံ စီမံကိန်းမှာ ချင်းပြည်နယ် ပလက်ို့နယ်ကနေ ရခိုင်ပြည်နယ် စစ်တွြေို့အထိ ဖေါက်လုပ်မယ့် ကားလမ်း၊ စစ်တွေရေနက်ဆိပ်ကမ်း၊ စက်ရုံအလုပ်ရုံတွေလည်း ပါင်ပါတယ်။ ဒီစီမံကိန်းကို ၂ဝဝ၈ ခုနှစ်မှာ နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ဒီနှစ်ထဲမှာ အြီးသတ်မယ်လို့ လျာထားခဲ့ပေမယ့် လက်ရှိအခြေအနေအရ အခုနှစ်ထဲမှာ မြီးနိုင်သေးကြောင်းလည်း သိရပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org