ကရင်အာဇာနည် အသုံးအနှုန်းမသုံးရန် ဧရာဝတီတိုင်းအစိုးရ ညွှန်ကြား

ကရင်အာဇာနည်နေ့ အခမ်းအနားအတွက် ကရင်အာဇာနည် ဆိုတဲ့အသုံးအနှုန်းကို အသုံးမပြုဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ် ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့-ဖေ့စ်ဘွတ်

ကရင်အာဇာနည်နေ့ အခမ်းအနားအတွက် ကရင်အာဇာနည် ဆိုတဲ့အသုံးအနှုန်းကို အသုံးမပြုဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် ကရင်အာဇာနည် စောဘဦးကြီးနေ့ အခမ်းအနားကို ကရင်တိုင်းရင်းသားတွေအများစုရှိကြတဲ့ ဧရာဝတီတိုင်းထဲမှာ ကျင်းပကြဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဧရာဝတီတိုင်း ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီထံ ဧရာဝတီတိုင်းဝန်ကြီးချုပ် ကိုယ်စား ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မိုးမြတ်မြတ်သူက လက်မှတ်ထိုးပြီး သက်ဆိုင်ရာမြို့နယ် မြို့နယ် ကရင်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီတွေဆီကို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KNU Concerned Group က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ ဒီလို ပိတ်ပင်ကန့်သတ်ခြင်းဟာ အကောင်အထည်ဖော်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေပြီး၊ ကရင်အမျိုးသားအပါအဝင် တိုင်းရင်းသားလူမျိုးတွေ လိုလားကြတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့နဲ့ အလှမ်းဝေးနေတယ်လို့ ကြေညာချက်က ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဟင်္သာတမြို့မှာ ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့တာကို ခွင့်ပြုချက်မရဘဲ ကျင်းပတယ်ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်သူတွေကို အမှုဖွင့်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org