ကရင်ပြည်နယ်ဝန်ကြီးချုပ် စီးလာ တဲ့ယာဉ် မတော်တဆမှုဖြစ်


2017.07.14
karen-pm-accident-620.jpg မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကားကို ဇူလိုင်လ ၁၄ ရက်နေ့ က တွေ့ရစဉ်
photo - ကရင်ပြည်နယ် ဘားအံမြို့တော် ဖေ့စ်ဘုတ်

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ ဒီနေ့မနက်ပိုင်းက ဘားအံမြို့ လေယာဉ်ကွင်းရှေ့မှာ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ပြီး ဘယ်ဘက်ခြေသလုံးရိုး ကျိုးသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် ယာဉ်မတော်တဆဖြစ်တာ မှန်ကန်ကြောင်းနဲ့ ခြေသလုံးရိုးကျိုးသွားပြီး ကျန်တာစိုးရိမ်စရာမရှိဘူးလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောပါတယ်။

"မနက်က တောင်ကလေးဆရာတော် မွေးနေ့ပွဲပေါ့ ဒီနေ့က၊ နောက်တစ်ခါ သူလှူထားတဲ့တံတားပေါ့ ဖွင့်ပွဲ ကို ကျနော်တို့ ၇ နာရီကစထွက်လာတယ်၊ ယာဉ်တန်းနဲ့ထွက်လာတော့ လေယာဉ်ကွင်းရှေ့ ရောက်တော့မှ ကျနော်တို့ရှေ့ကားပေါ့၊ တိုင်းရော့ပြုတ်တယ်ဗျာ၊ တိုင်းရော့ပြုတ်ပြီးတော့ သစ်ပင်ကိုတိုက်တာပေါ့၊ တိုက် တဲ့အချိန်မှာ လေအိတ်ကပွင့်သွားတယ်၊ သူ့ရဲ့ယာဉ်မောင်း လေအိတ်ပွင့်ပြီးတော့ ထိုင်ခုံက အနောက်ရောက်သွားပြီးတော့ ထိတာပေါ့၊ ဆေးရုံကိုခေါ်လာပြီးတော့ အခုဓါတ်မှန်တွေဘာတွေ အကုန် ရိုက်တော့ ဘယ်ဘက်ခြေထောက်ကတော့ ခြေသလုံးရိုးတော့ ကျိုးတယ်ဗျ၊ အခု ကျနော်တို့ ဆေးရုံးမှတင် ထားပါတယ်၊ အခြေအနေကောင်းပါတယ်၊ သတိရှိပါတယ်၊ စဖြစ်ကတည်းကနေ အခုအချိန်ထိ သတိရှိပါ တယ်၊ ကျန်တဲ့ နံရိုးတို့ အကုန်လုံးကောင်းပါတယ်"

ပြည်နယ်ဝန်ကြီးချုပ်ဟာ တောင်ကလေးဆရာတော်ရဲ့ မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် ဆရာတော်လှူဒါန်းထားတဲ့ ပါရမီတံတားဖွင့်ပွဲကို သွားရောက်ဖို့ ယာဉ်တန်းနဲ့သွားရောက်စဉ် စီးနှင်းလာတဲ့ကားက စက်ချို့ယွင်းပြီး အခုလို ယာဉ်မတော်တဆဖြစ်တာဖြစ်ပါတယ်။

လက်ရှိမှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံပြည်သူဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။