ကနေဒါနိုင်ငံရောက် ကရင် ဒုက္ခသည် မိသားစု အသတ်ခံရ

ထိုင်းမြန်မာနယ်စပ်ကနေ ဒုက္ခသည် နေရာပြန်လည်ချထားရေး အစီအစဉ် နဲ့ ကနေဒါနိုင်ငံ ဆက်စ်ကာချိဝန်းပြည်နယ်၊ ရီဂျိုင်းနား Regina မြို့မှာ နေထိုင်နေတဲ့ မြန်မာဒုက္ခသည် ကရင် မိသားစုတစုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အသတ်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

2010.08.10

သေဆုံးသူတွေဟာ စောဂရေနေထူး၊ ဇနီးသည် မနော်နော်နဲ့ ၃ နှစ်သားအရွယ် မောင် ဆဲဗန်းဂျွန်ထူး ဖြစ်ပါတယ်။

စောဂရေနေထူး တို့မိသားစုဟာ ကနေဒါနိုင်ငံကို ၂၀ဝ၇ ခုနှစ်က ရောက်ရှိလာခဲ့တာ ဖြစ်ပြီး၊ အခု သေဆုံးတဲ့ အခန်းမှာ နေထိုင်နေတာ ၁ နှစ် ကျော်လောက် ရှိပြီလို့သိရပါတယ်။ လောလောဆယ်အချိန်အထိ ဘယ်သူ ဘယ်ဝါသတ်တယ်၊ ဘာကြောင့်သတ်တယ်ဆိုတာကို မသိရှိရသေးပဲ၊ ရဲတွေက စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ကိုတင်မောင်ထူးကရှင်းပြပါတယ်။

သူတို့နေထိုင်တဲ့ ရီဂျိုင်းနား မြို့မှာ ကရင်ဒုက္ခသည် ၁၀ဝ ကျော်လောက်ရှိနေပြီး၊ ၂၀ဝ၆ ခုနှစ် နောက်ပိုင်းကတည်းက ကနေဒါနိုင်ငံကို ထိုင်းမြန်မာနယ်စပ်က ရောက်ရှိလာတဲ့ ဒုက္ခသည်ပေါင်း ၄၀ဝ၀ ဝန်းကျင်လောက် ရှိနေပြီလို့ သိရပါတယ်။

၂၀ဝ၄၊ ၂၀ဝ၅ ခုနှစ်တွေလောက်ကစပြီး ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေ ကမာ့ နိုင်ငံအသီးသီးကို စတင ်ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့ရာမှာ အသတ်ခံရမှု၊ သေဆုံးမှု စတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရတာတွေ ရှိပေမဲ့ အခုလို ဒုက္ခသည် မိသားတစုလုံး အသတ်ခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲဒီမိသားစု အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းကို သိရှိထားတဲ့ Canadian Friends of Burma အဖွဲ့က ကိုတင်မောင်ထူးကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။