အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော့မှူးမြို့နယ် အောင်နိုင်ရေး အဖွဲ့ စည်းရုံးရေး ဆင်း

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးခံမယ့် ကော့မှူးမြို့နယ်က ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် အောင်နိုင်ရေး အဖွဲ့ဝင်တွေ ဒီကနေ့ သွားရောက် စည်းရုံးခဲ့ပါတယ်။

2012-01-11
Share
su-su-nway-closeup-b305 မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ မစုစုနွေး ယခင်တကြိမ် ထောင်မှ လွတ်လာပြီး ၂ဝဝ၇ ခုနှစ် ဇွန်လ ၈ရက်နေ့က ဆေးရုံပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။
AFP

ကော့မှူးမြို့နယ် အရှေ့ပိုင်းနဲ့ အလယ်ပိုင်းက ကျေးရွာ တချို့ကို သွားရောက်ခဲ့ကြောင်း၊ မိမိကတော့ ကျေးရွာလေးရွာကို ဒီကနေ့ ရောက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးက အာရ်အက်ဖ်အေကို ပြောပါတယ်။

“သူတို့ကတော့ အမေစုကို ချစ်လည်း ချစ်တယ်ပေါ့။ အမေစုဆိုရင် စည်းရုံးစရာ မလိုဘဲနဲ့ကို ထည့်ချင်နေတယ်ပေါ့။ နောက်တော့ အခုက ဘယ်လိုဖြစ်နေသလဲ ဆိုတော့ မဲထည့်တဲ့ နေရာမှာပေါ့၊ မဲ မည်းသွားမှာကို သူတို့ စိုးရိမ်နေတယ်။ အရင်လိုပေါ့နော်၊ သူတို့မဲကို လိမ်လိုက်မှာကို သူတို့ စိုးရိမ်နေတယ်။ အဲလိုမျိုး ထူးခြားချက်ကလေးတွေ ကျွန်မတို့ တွေ့ရပါတယ်”

ကော့မှူးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို မြို့နယ် အန်အယ်လ်ဒီ တာဝန်ခံ တစ်ဦး ဖြစ်တဲ့ ဦးအေးသိန်းက ခေါင်းဆောင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ဒီကနေ့ စည်းရုံးရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး မစုစုနွေးနဲ့ ဆက်သွယ် မေးမြန်းချက်ကို သတင်း အပြီးမှာ နားဆင်ရပါမယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့