ကယားရိုးရာဓလေ့ မြေယာ ထိန်းသိမ်းရေး ဥပဒေပေါ်ပေါက်ဖို့ ကြိုးစားမည်

2016-10-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ Orchid Hotel မှာ "ကျွန်ုပ်တို့ရဲ့ ရိုးရာဓလေ့ မြေယာစီမံခန့်ခွဲမှုစနစ်" အစီရင်ခံစာ ထုတ်ပြန်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်စဉ်
ရန်ကုန်မြို့ Orchid Hotel မှာ "ကျွန်ုပ်တို့ရဲ့ ရိုးရာဓလေ့ မြေယာစီမံခန့်ခွဲမှုစနစ်" အစီရင်ခံစာ ထုတ်ပြန်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်စဉ်
Photo: Thiha Tun/RFA

ကယားပြည်နယ်က ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့အရ လယ်မြေထိန်းသိမ်းတဲ့စနစ်ကို အခြေခံတဲ့ လယ်ယာမြေဥပဒေ ပေါ်ပေါက်လာဖို့ ရေးဆွဲသွားမယ်လို့ ကယားပြည် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုကွန်ရက် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ ကယားပြည် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု ကွန်ရက်က "ကျွန်ုပ်တို့ရဲ့ ရိုးရာဓလေ့ မြေယာစီမံခန့်ခွဲမှုစနစ်"  အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ကွန်ရက် တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စောအယ်စေး က ပြောတာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ဌာနေတိုင်းရင်းသားတွေအနေနဲ့  ဘိုးစဉ်ဘောင်ဆက်က ကျင့်သုံးလာတဲ့ ရိုးရာဓလေ့အရ မြေ ယာစီမံခန့်ခွဲမှုစနစ်ကို လက်ရှိအချိန်ထိ အသုံးပြုနေတာဖြစ်ပြီး အဲဒီစနစ်ဟာ လွတ်လပ်မှု၊ နားလည်မှု၊ အပြန်အလှန် အသိအမှတ်ပြုမှု၊ လူမှုတရားမျှတမှုတွေကို အခြေခံထားတဲ့စနစ်ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရကရေးဆွဲလိုက်တဲ့ လယ်ယာမြေမူဝါဒသစ်ဟာ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့မြေယာ စီမံခန့်ခွဲမှုစနစ်ကို ထိခိုက်မှုတွေရှိနေပြီး ဘိုးစဉ်ဘောင်ဆက်က လုပ်ကိုင်လာတဲ့ လယ်မြေတွေ ဆုံးရှုံးနေရတယ်လို့ ပွဲစီစဉ်သူတွေ က ပြောပါတယ်။

"ကျွန်ုပ်တို့ရဲ့ ရိုးရာဓလေ့ မြေယာစီမံခန့်ခွဲမှုစနစ်"  အစီရင်ခံစာကို ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆိုနဲ့ ဖရူဆို မြို့နယ်တို့မှာရှိတဲ့ ကျေးရွာ ၅၂ ရွာမှာ လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေကို စုစည်းထားတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့