ဗိုလ်ကြီးတဦး အပါအဝင် မြန်မာတပ်မတော်သား (၇) ဦးကို KIA က ဖမ်းထား
2011.07.19
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
RFA
ဒီအတောတွင်း ဇူလိုင်လ(၁၆) နဲ့ (၁၇) နှစ်ရက်ကြာ ဖြစ်ပွါးခဲ့တဲ့ ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်နဲ့ မဝေးတဲ့ ခယာ ဒေသ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဖက်က ဗိုလ်ကြီး (၁) ဦး အပါအဝင် တပ်မတော်သား (၇) ဦးကို KIA တပ်တွေက
ဖမ်းဆီး ခဲ့ကြောင်း သိရပါတယ်။ သူတို့နဲ့ အတူ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ KIO က ပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ KIO အဖွဲ့ပြောခွင့်ရသူ ဦးလာနန်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









